• Follow Us on

Home ထိုင်ဝမ်နှင့် ဂျပန်မှ အာဏာရပါတီအမတ်နှစ်ဦး တရုတ်အန္တရာယ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေး

ထိုင်ဝမ်နှင့် ဂျပန်မှ အာဏာရပါတီအမတ်နှစ်ဦး တရုတ်အန္တရာယ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

ထိုင်ဝမ်နိုင်ငံနှင့် ဂျပန်နိုင်ငံ နှစ်နိုင်ငံစလုံးရင်ဆိုင်နေရသည့် ကြီးထွားလာသော တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုနှင့် အတူ စစ်ရေးပဋိပက္ခများဖြစ်ပွားလာပါက မည်ကဲ့သို့ရင်ဆိုင်သွားမည်ကို နှစ်နိုင်ငံအာဏာရပါတီများမှ ကိုယ်စား လှယ်နှစ်ဦးက အင်တာနက်အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတို့ကြားတွင် တရားဝင်သံတမန်ဆက်ဆံရေးမရှိကြောင်း တရုတ်နိုင်ငံကပြောသော်လည်း ယင်းနှစ်နိုင်ငံမှာ တရားမဝင်ဆက်ဆံရေးနီးကပ်စွာရှိနေပြီး တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အထူးသဖြင့် စစ်ရေး လှုပ်ရှားမှုတိုးမြှင့်လာမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို အပြန်အလှန်မျှဝေဆွေးနွေးလေ့ရှိသည်။

 

ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ ဝါရင့်အမတ်နှင့် ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) မှ ဝါရင့်အမတ်တို့ အွန်လိုင်းတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး နာရီဝက်ကြာဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆွေးနွေး ပွဲတွင် တရုတ်နိုင်ငံ၏စစ်ရေးလှုပ်ရှားမှုများနှင့် ထိုင်ဝမ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကြား ပူးပေါင်း ဆောင်ရွက်မှုများ မည်ကဲ့သို့လုပ်ဆောင်မည်ကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါ တီ (DPP) မှ လွှတ်တော်အမတ်လိုချီချိန်းနှင့် စိုင်းရှင်းယင်တို့က ပြောသည်။

 

“ဒီကနေ့ဆွေးနွေးပွဲကနေတစ်ဆင့် အစိုးရနှစ်ဖွဲ့စလုံး ဆက်ဆံရေးမြှင့်တင်နိုင်ခဲ့ပါတယ်။ ပိုပြီးအရေးကြီးတာက တကယ်လို့များ ထိုင်ဝမ်ရော ဂျပန်ရော တရုတ်ဖိအားတွေကို ရင်ဆိုင်လာရပြီဆိုရင် နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ခိုင်မာတဲ့ဆန္ဒတွေကို ထုတ်ဖော်ပြသဖို့ ကတိကဝတ်တွေပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုဆွေးနွေးမှုမျိုး ဆက်ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” ဟု လွှတ်တော်အမတ်လိုချီချိန်းကပြောသည်။

 

စစ်ရေးပဋိပက္ခများအကြောင်းကိုဆွေးနွေးခဲ့ကြသော်လည်း အလွန်အကဲဆတ်သည့်ကိစ္စများဖြစ်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိကြောင်း စိုင်းရှင်းယင်ကပြောသည်။ ကမ်းရိုးတန်းလုံခြုံရေးအတွက် ပူးပေါင်းဆောင် ရွက်မည့်ကိစ္စများကိုလည်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြကြောင်း ၎င်းကပြောသည်။

 

ဆွေးနွေးပွဲသည် ဂျပန်အာဏာရပါတီ၏ မူဝါဒချမှတ်မှုများကို တင်ပြရာတွင် အထောက်အကူဖြစ်ကြောင်း ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နိုင်ငံခြားဆက်ဆံရေးအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေသည့် လွှတ်တော် အ မတ်ဖြစ်သူ မာဆာဟီဆာဆာတိုက ပြောသည်။

 

“ထိုင်ဝမ်ဘက်ကပြောပါတယ်။ အခုလို ဆွေးနွေးပွဲမျိုးကို သူတို့တောက်လျှောက်စောင့်မျှော်နေတာပါလို့ ပြောပါ တယ်။ အာဏာရပါတီနှစ်ရပ်ကြားမှာ နှစ်နိုင်ငံနဲ့ဆိုင်တဲ့ရည်ရွယ်ချက်တွေကို တွေ့ရှိသွားတာ အရေးကြီးတယ်လို့ ကျွန်တော်တို့နှစ်နိုင်ငံစလုံးက ရှုမြင်ပါတယ်။ နှစ်နိုင်ငံစလုံးက အစိုးရမူဝါဒတွေချမှတ်မှုနဲ့ ဆက်နွယ်နေပါတယ်။” ဟု ဆာတိုက ပြောသည်။

 

ဂျပန်နိုင်ငံအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်ပြီး “မှားယွင်းသောအချက်ပြခြင်းများ” ကို မပေးပို့သင့် ကြောင်းပြောဆိုရင်း လွန်ခဲ့သည့်အပတ်က ဆွေးနွေးပွဲကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်သည်။ ထိုင်ဝမ် နှင့် ပြည်ပနိုင်ငံများကြား တရားဝင်အပြန်အလှန်ဆက်သွယ်ခြင်းကို တရုတ်နိုင်ငံက သံသယဖြင့်စောင့်ကြည့် လေ့ရှိသည်။

 

တရုတ်နိုင်ငံ၏ ပြစ်တင်ရှုတ်ချမှုကို မျှော်လင့်ပြီးသားဖြစ်ကြောင်းပြောဆိုရင်း လွှတ်တော်အမတ်လိုချီချိန်းက အဆိုပါရှုတ်ချမှုကို ပယ်ချလိုက်သည်။ “အချုပ်အခြာအာဏာပိုင်စိုးပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်ဝမ်နိုင် ငံဟာ နှစ်နိုင်ငံဆက်ဆံရေးဖြစ်စေ နိုင်ငံအများနဲ့ဆက်ဆံရေးဖြစ်စေ တိုးမြှင့်ဆောင်ရွက်နိုင်တဲ့အခွင့်အရေးရှိပါ တယ်။” ဟု လိုချီချိန်းကပြောသည်။

 

Ref: Taiwan, Japan ruling parties discuss China, military cooperation

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Taiwan, Japan ruling parties discuss China, military cooperation

 

#PeopleMedia


Share this post