• Follow Us on
Latest News

Home ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေသို့ တရုတ်လေတပ်မှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေယာဉ် ကျူးကျော်ဝင်ရောက်

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေသို့ တရုတ်လေတပ်မှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေယာဉ် ကျူးကျော်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)

 

တရုတ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်တစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော် ထုတ်သည့်နယ်မြေအတွင်းသို့ ဇန်နဝါရီလ ၂၀ ရက်နေ့ကဝင်ရောက်လာခဲ့ရာ ယခုလအတွင်း ၁၇ ကြိမ်မြောက် ကျူး ကျော်ဝင်ရောက်ခြင်းဖြစ်သည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် တစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အနောက်တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်လာခဲ့ ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

တရုတ်လေယာဉ်ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်လေတပ်က တိုက်လေယာဉ်များစေလွှတ်ပြီး ရေဒီယိုအချက်ပေးနည်းဖြင့် သတိပေးကာ တရုတ်လေယာဉ်ကို စောင့်ကြည့်ရန်အတွက် လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်များကို အသင့်ပြင်ဆင်ထားခဲ့သည်။

 

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၃ ရက်၊ ၉ ရက်၊ ၁၆ ရက်နေ့မှလွဲ၍ ယခုလအတွင်း ထိုင်ဝမ်လေကြောင်းရန်ကာ ကွယ်ရေး ခွဲခြားဖော်ထုတ်သည့် နယ်မြေအတွင်းသို့ ၎င်းတို့လေယာဉ်များကို နေ့စဉ် စေလွှတ်လျက်ရှိသည်။ ယခုဇန်နဝါရီလအတွင်း တိုက် လေယာဉ် ၄၅ စင်းနှင့် ရန်သူ့ပစ်မှတ်ရှာဖွေရေးလေယာဉ် ၂၄ စင်း အပါအဝင် တရုတ်လေယာဉ်ပေါင်း ၆၉ စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။

 

တရုတ်နိုင်ငံသည် အထူးသဖြင့် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အနောက် တောင်ဘက်ဆီသို့ လေယာဉ် များ ပုံမှန်စေလွှတ်ခြင်းအားဖြင့် မီးခိုးရောင်ဒေသနည်းဗျူဟာကို တိုးမြှင့်ဆောင်  ရွက်ခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ စစ်လေယာဉ်များသည် ထိုင်ဝမ် လေ  ကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အတွင်းသို့ ရက်ပေါင်း ၂၃၉ ရက်အတွင်း ၉၆၁ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့သည်။

 

လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်သည့်နယ်မြေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် လေကြောင်းထိန်းချုပ်ရေး တာဝန်ရှိသူများက ၎င်းနိုင်ငံတွင်းဝင်ရောက်လာသော လေယာဉ်များကို နိုင်ငံ/အမျိုးအစား ခွဲခြားဖော်ထုတ်ရန် အတွက် နိုင်ငံတစ်နိုင်ငံ၏ လေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ထားသော ဝေဟင်မှနယ်မြေတစ်ခုဖြစ်သည်။

 

မီးခိုးရောင်ဒေသနည်းဗျူဟာဆိုသည်မှာ “တိုက်ရိုက်အင်အားအသုံးမပြုဘဲ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးရည်မှန်း ချက်များအောင်မြင်စွာဆောင်ရွက်နိုင်ရန် ကြိုးပမ်းသည့် မပြောင်းလဲသောအဟန့်အတားနှင့် အာမခံချက်ကို ကျော်လွန်၍ ကြိုးပမ်းအားထုတ်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

 

Ref: Chinese anti-submarine warfare plane enters Taiwan’s ADIZ

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Chinese anti-submarine warfare plane enters Taiwan’s ADIZ

 

#PeopleMedia


Share this post