• Follow Us on

Home ထိုင္းက်န္းမာေရး၀န္ထမ္းမ်ား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

ထိုင္းက်န္းမာေရး၀န္ထမ္းမ်ား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဘန္ေကာက္႐ွိအသြားအလာကန္႔သတ္ေစာင့္ၾကည့္ေရး(ကြာရန္တင္း)စင္တာမ်ားမွ က်န္းမာေရး၀န္ထမ္း ၄ ေယာက္အပါအ၀င္ အဂၤါေန႔တြင္ ထိုင္း၌ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၉ ေယာက္ထပ္တိုးၿပီး စုစုေပါင္း ၄၁၂၆ ေယာက္႐ွိေနသည္။
 
က်န္ ၁၅ ေယာက္မွျပည္ပမွျပန္လာသူမ်ားျဖစ္သည္။ ၇ ေယာက္သည္ ျမန္မာႏိုင္ငံမွျပန္လာသူမ်ားျဖစ္ၿပီး အေမရိကန္ျပန္ ၂ ေယာက္၊ ဘာရိန္း၊ ဘူေဂးရီးယား၊ ဒိန္းမတ္၊ ေမာ္႐ိုကို၊ တူရကီႏွင့္ ၿဗိတိန္မွျပန္လာသူ ၁ ေယာက္စီ႐ွိသည္။
 
က်န္းမာေရး၀န္ထမ္းမ်ားမွာ ဘန္ေကာက္႐ွိကြာရန္တင္းစင္တာမ်ားတြင္အလုပ္လုပ္သည့္ အသက္ ၂၅ မွ ၄၀ ၾကား သူနာျပဳမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားျဖစ္ၿပီး ဒီဇင္ဘာ ၄ ရက္ႏွင့္ ၅ ရက္တို႔တြင္ ကူးစက္ေၾကာင္း အတည္ျပဳႏိုင္ကာ သူတို႔ႏွင့္ထိေတြ႕ထားသူမ်ားတြင္ ကူးစက္ခံရျခင္းမ႐ွိေခ်။
 
၃ ေယာက္တြင္ အဖ်ား၊ ႏွာပိတ္ျခင္းႏွင့္ ေခါင္းကိုက္ျခင္းမ်ား႐ွိေနၿပီး ေနာက္ဆံုးအမ်ိဳးသားတေယာက္တြင္ ေရာဂါလကၡဏာျပျခင္းမ႐ွိေခ်။
 
ျမန္မာမွျပန္လာသူမ်ားတြင္ ၆ ေယာက္သည္ အသက္ ၂၄ မွ ၃၇ ႏွစ္ၾကား႐ွိအမ်ိဳးသမီးမ်ားျဖစ္ၿပီး ဒီဇင္ဘာ ၂ ရက္ႏွင့္ ၅ ရက္ၾကားတြင္ ထိုင္းျပန္ေရာက္ေသာေၾကာင့္ ခ်င္း႐ိုင္ခ႐ိုင္တြင္ ကြာရန္တင္းထား႐ွိျခင္းျဖစ္သည္။
 
ထိုင္းတြင္ အတည္ျပဳလူနာ ၄၁၂၆ ေယာက္႐ွိၿပီး သက္သာသူ ၃၈၇၄ ေယာက္ (၉၃.၈၉ ရာခိုင္ႏႈန္း) ႐ွိၿပီး ေဆး႐ံုတြင္ ၁၉၂ ေယာက္ကုသမႈခံယူေနသည္။
 
ေသဆံုးသူအေယာက္ ၆၀ ႐ွိေနသည္။
 
Ref : Nurses among new Covid-19 cases
 
#PeopleMedia
 
(unicode)
ထိုင်းကျန်းမာရေးဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
………………………..
 
ဘန်ကောက်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဘန်ကောက်ရှိအသွားအလာကန့်သတ်စောင့်ကြည့်ရေး(ကွာရန်တင်း)စင်တာများမှ ကျန်းမာရေးဝန်ထမ်း ၄ ယောက်အပါအဝင် အင်္ဂါနေ့တွင် ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၉ ယောက်ထပ်တိုးပြီး စုစုပေါင်း ၄၁၂၆ ယောက်ရှိနေသည်။
 
ကျန် ၁၅ ယောက်မှပြည်ပမှပြန်လာသူများဖြစ်သည်။ ၇ ယောက်သည် မြန်မာနိုင်ငံမှပြန်လာသူများဖြစ်ပြီး အမေရိကန်ပြန် ၂ ယောက်၊ ဘာရိန်း၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ မော်ရိုကို၊ တူရကီနှင့် ဗြိတိန်မှပြန်လာသူ ၁ ယောက်စီရှိသည်။
 
ကျန်းမာရေးဝန်ထမ်းများမှာ ဘန်ကောက်ရှိကွာရန်တင်းစင်တာများတွင်အလုပ်လုပ်သည့် အသက် ၂၅ မှ ၄၀ ကြား သူနာပြုများနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကူးစက်ကြောင်း အတည်ပြုနိုင်ကာ သူတို့နှင့်ထိတွေ့ထားသူများတွင် ကူးစက်ခံရခြင်းမရှိချေ။
 
၃ ယောက်တွင် အဖျား၊ နှာပိတ်ခြင်းနှင့် ခေါင်းကိုက်ခြင်းများရှိနေပြီး နောက်ဆုံးအမျိုးသားတယောက်တွင် ရောဂါလက္ခဏာပြခြင်းမရှိချေ။
 
မြန်မာမှပြန်လာသူများတွင် ၆ ယောက်သည် အသက် ၂၄ မှ ၃၇ နှစ်ကြားရှိအမျိုးသမီးများဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နှင့် ၅ ရက်ကြားတွင် ထိုင်းပြန်ရောက်သောကြောင့် ချင်းရိုင်ခရိုင်တွင် ကွာရန်တင်းထားရှိခြင်းဖြစ်သည်။
 
ထိုင်းတွင် အတည်ပြုလူနာ ၄၁၂၆ ယောက်ရှိပြီး သက်သာသူ ၃၈၇၄ ယောက် (၉၃.၈၉ ရာခိုင်နှုန်း) ရှိပြီး ဆေးရုံတွင် ၁၉၂ ယောက်ကုသမှုခံယူနေသည်။
 
သေဆုံးသူအယောက် ၆၀ ရှိနေသည်။
 
Ref : Nurses among new Covid-19 cases
 
#PeopleMedia

Share this post