• Follow Us on

Home ထိုင်းစစ်တပ်အသုံးစရိတ်လျှော့ချ


Share this post

ဘန်ကောက်၊ ဇူလိုင် ၃







#PeopleMedia

(unicode)
ထိုင်းစစ်တပ်အသုံးစရိတ်လျှော့ချ
……………………

ဘန်ကောက်၊ ဇူလိုင် ၃

အခုဘဏ္ဍာနှစ်အတွက် ထိုင်းစစ်တပ်ကို အသုံးစရိတ်လျှော့ချထားပါတယ်။

ထိုင်းစစ်တပ်ကအသုံးစရိတ်ဘတ်သန်းပေါင်း ၃.၂ သန်းတောင်းခံထားပေမဲ့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို ခွင့်ပြုငွေ ဘတ် ၉၈၆၀.၃၅၁၄ သန်း၊ ထိုင်းကြည်းတပ်ကို ၁၀၇.၆၆၁ သန်း၊ ရေတပ်ကို ၄၈.၂၈၉.၁၁၃၅ သန်း၊ လေတပ်ကို ၄၀.၀၈၀.၆၆၅၄ သန်း၊ ထိုင်းစစ်တပ်ဌာနချုပ်တွေကို ၁၆၇၁၀.၈၀၄၈ သန်းနဲ့ ကာကွယ်ရေးနည်း ပညာသိပ္ပံကို ၈၆၁.၀၁၆၄ သန်းတို့အသီးသီးချပေးလိုက်ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ထိုင်းအစိုးရက အသုံးစရိတ်လျှော့ချဖို့စီစဉ်ပြီးတဲ့နောက် ထိုင်း စစ်တပ်အတွက် အသုံးစရိတ်ကိုလည်း လျှော့ချခဲ့တာပါ။

စုစုပေါင်းဘတ်သန်း ၂၂၀၀၀ တန်ဖိုးရှိပြီး ၇ နှစ်ကြာငွေပေးချေမယ့်အစီအစဉ်နဲ့ဝယ်ယူမယ့်ရေငုပ်သင်္ဘော ၂ စင်းအတွက်တော့ အသုံးစရိတ်လျှော့ချမှာမဟုတ်ဘူးလို့ ထိုင်းရေတပ်ကပြောထားပါတယ်။

ရေငုပ်သင်္ဘောအတွက် ပေးချေရမယ့်ငွေကို တခြားအသုံးစရိတ်တွေလျှော့ချပြီးပေးချေသွားမယ်လို့ပြောထားပါ တယ်။

Ref : Thailand Military Reduced The Budgets

#PeopleMedia


Share this post