• Follow Us on

Home ထိုင္းဆႏၵျပမႈမ်ားရပ္ဆိုင္းေရး အထူးလႊတ္ေတာ္အစည္းအေ၀းက်င္းပမည္

ထိုင္းဆႏၵျပမႈမ်ားရပ္ဆိုင္းေရး အထူးလႊတ္ေတာ္အစည္းအေ၀းက်င္းပမည္

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၁၉
ေသာၾကာေန႔တြင္ ထိုင္းအစိုးရအဖြဲ႔၊ အတိုက္အခံကိုယ္စားလွယ္မ်ားႏွင့္ ထိုင္းေအာက္လႊတ္ေတာ္ဥကၠ႒ ေခ်ာင္လီပိုင္တို႔ အလြတ္သေဘာေတြ႕ဆံုၿပီး လႊတ္ေတာ္အထူးအစည္းအေ၀းျပဳလုပ္ႏိုင္ရန္ ေဆြးေႏြးေနသည္။
ႏို၀င္ဘာ ၁ ရက္တြင္လႊတ္ေတာ္ျပန္မက်င္းပခင္ ႏိုင္ငံေရးအေျခအေနမ်ားကိုေဖာ္ထုတ္ေျပာၾကားႏိုင္မည့္ ေအာက္လႊတ္ေတာ္အထူးအစည္းအေ၀းျပဳလုပ္ရန္ ႏွစ္ဖက္စလံုးကသေဘာတူသည္ဟု မစၥတာ ေခ်ာင္ကေျပာသည္။
အထူးအစည္းအေ၀းအတြက္ျပင္ဆင္ထားရန္ လႊတ္ေတာ္အရာ႐ွိမ်ားကို သူကၫႊန္ၾကားထားေၾကာင္းလည္း ေျပာသည္။
ၿပီးခဲ့သည့္တပတ္တြင္ျပန္လည္စတင္ခဲ့သည့္ ဆႏၵျပပြဲမ်ားတြင္ ေခါင္းေဆာင္သူမ်ားႏွင့္ပါ၀င္သူဆယ္ဂဏန္းကို အာမခံမေပးဘဲ ထိုင္းအစိုးရဘက္က ဖမ္းဆီးထားသည္ဟု ထိုင္းလူ႔အခြင့္အေရးေ႐ွ႕ေနမ်ားကေျပာသည္။
ဆႏၵျပသူမ်ားက ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရး၊ ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ေရးႏွင့္ အနာဂတ္တြင္ အာဏာသိမ္းမႈမ်ားကို ထိုင္းဘုရင္ကေထာက္ခံမႈမျပဳရန္တို႔ကို ဆက္လက္ေတာင္း ဆိုေနၾကသည္။
Ref : House mulls meet to end unrest
#PeopleMedia
(unicode)
ထိုင်းဆန္ဒပြမှုများရပ်ဆိုင်းရေး အထူးလွှတ်တော်အစည်းအဝေးကျင်းပမည်
……………………………………………..
ဘန်ကောက်၊ အောက်တိုဘာ ၁၉
သောကြာနေ့တွင် ထိုင်းအစိုးရအဖွဲ့၊ အတိုက်အခံကိုယ်စားလှယ်များနှင့် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ချောင်လီပိုင်တို့ အလွတ်သဘောတွေ့ဆုံပြီး လွှတ်တော်အထူးအစည်းအဝေးပြုလုပ်နိုင်ရန် ဆွေးနွေးနေသည်။
နိုဝင်ဘာ ၁ ရက်တွင်လွှတ်တော်ပြန်မကျင်းပခင် နိုင်ငံရေးအခြေအနေများကိုဖော်ထုတ်ပြောကြားနိုင်မည့် အောက်လွှတ်တော်အထူးအစည်းအဝေးပြုလုပ်ရန် နှစ်ဖက်စလုံးကသဘောတူသည်ဟု မစ္စတာ ချောင်ကပြောသည်။
အထူးအစည်းအဝေးအတွက်ပြင်ဆင်ထားရန် လွှတ်တော်အရာရှိများကို သူကညွှန်ကြားထားကြောင်းလည်း ပြောသည်။
ပြီးခဲ့သည့်တပတ်တွင်ပြန်လည်စတင်ခဲ့သည့် ဆန္ဒပြပွဲများတွင် ခေါင်းဆောင်သူများနှင့်ပါဝင်သူဆယ်ဂဏန်းကို အာမခံမပေးဘဲ ထိုင်းအစိုးရဘက်က ဖမ်းဆီးထားသည်ဟု ထိုင်းလူ့အခွင့်အရေးရှေ့နေများကပြောသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ်နုတ်ထွက်ရေး၊ ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးနှင့် အနာဂတ်တွင် အာဏာသိမ်းမှုများကို ထိုင်းဘုရင်ကထောက်ခံမှုမပြုရန်တို့ကို ဆက်လက်တောင်း ဆိုနေကြသည်။
Ref : House mulls meet to end unrest

Share this post