• Follow Us on

Home ထိုင်းတရားသူကြီးတစ်ဦး ခိုင်လုံသောသက်သေမရှိဘဲ ပြစ်ဒဏ်မချနိုင်ဟုဆိုကာ တရားခွင်တွင် ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွား

ထိုင်းတရားသူကြီးတစ်ဦး ခိုင်လုံသောသက်သေမရှိဘဲ ပြစ်ဒဏ်မချနိုင်ဟုဆိုကာ တရားခွင်တွင် ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွား

Share this post

ထိုင်းနိုင်ငံက တရားရုံးတစ်ရုံးမှာ တရားသူကြီးက တရားစီရင်ရေးစနစ်ကို ဝေဖန်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတရားသူကြီးဟာ သောင်းကျန်းသူများလှုပ်ရှားရာ ထိုင်းနိုင်ငံတောင်ပိုင်းက ယာလာတရားရုံးက တရားသူကြီးဖြစ်တယ်လို့သိရပါတယ်။ ၄င်းဟာ လက်နက်ကိုင်ဆောင်လူသတ်မှုနဲ့ တရားစွဲခံထားရသူ ၅ ဦးကို လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် စိတ်လှုပ်ရှားစွာနဲ့ မိန့်ခွန်းပြောကြားခဲ့ပြီး Facebook မှာ Live လွှင့်ခဲ့ပါတယ်။

“ တစ်စုံတစ်ယောက်ကို အပြစ်ဒဏ်ချမှတ်ဖို့ ကျွန်တော်တို့ ခိုင်လုံတဲ့ သက်သေလိုအပ်ပါတယ်။ တကယ်လို့ သက်သေမခိုင်လုံရင်တော့ သူတို့ကို အပြစ်မပေးပါနဲ့” လို့ အဆိုပါတရားသူကြီးက ပြောကြားခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ တရားသူကြီးကို ဆေးရုံပို့ဆောင်ခဲ့ရမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ပြီး အသက်အန္တရာယ်မရှိတော့ဘူးလို့သိရပါတယ်။

အဆိုပါတရားသူကြီးဟာ ဘာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့သလဲဆိုတာ တိတိကျကျမသိရပေမယ့် ပြည်တွင်းမီဒီယာတွေက ၄င်းကို သက်သေမခိုင်လုံတဲ့အမှုမှာ ပြစ်ဒဏ်ချမှတ်ဖို့ ဖိအားပေးမှုတွေရှိလို့ အခုလို ပြုမှုခဲ့တာဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Ref;BBC


Share this post