• Follow Us on

Home ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ ေ႐ႊ႕ေျပာင္းလုပ္သား ၁၂၀၀ ေက်ာ္ထပ္တိုး

ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ ေ႐ႊ႕ေျပာင္းလုပ္သား ၁၂၀၀ ေက်ာ္ထပ္တိုး

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၂၄
 
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၆၇ ေယာက္ထပ္တိုးၿပီး ျပည္တြင္းကူးစက္လူနာ ၅၈ ေယာက္ႏွင့္ အသြား အလာကန္႔သတ္ထားသည့္ႏိုင္ငံျခားျပန္ ၈ ေယာက္ပါ၀င္ေၾကာင္း ထိုင္းအစိုးရက ၾကာသပေတးေန႔ တြင္ထုတ္ျပန္သည္။ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကူးစက္ခံရျခင္းကိုလည္း သီးျခားထုတ္ျပန္သည္။
 
ျပည္တြင္းကူးစက္လူနာ ၅၅ ေယာက္သည္ ဆာမြတ္ဆာခြတ္ခ႐ိုင္႐ွိ ပုစြန္ေစ်းႏွင့္ဆက္စပ္ေၾကာင္း ထိုင္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေျခအေနႀကီးၾကပ္ကြပ္ကဲမႈဗဟိုဌာနေျပာခြင့္ရသူ ေဒါက္တာ တာဝီဆလစ္ ဝိသာႏုယိုဆင္ကေျပာသည္။
 
ေနာက္ထပ္ ၃ ေယာက္တြင္ ၁ ေယာက္က တက္ခ႐ိုင္မွကူးစက္မႈႏွင့္ဆက္စပ္သူျဖစ္ၿပီး ေနာက္ထပ္ ၂ ေယာက္မွာ လူေနထူထပ္သည့္ေနရာမ်ားမွျဖစ္သည္။
 
ေ႐ႊ႕ေျပာင္းလုပ္သား ၁၂၃၇ ေယာက္ ကူးစက္ခံရေၾကာင္းလည္း ေဒါက္တာ တာဝီဆလစ္ကေျပာသည္။
 
ထိုင္းတြင္ အတည္ျပဳလူနာစုစုေပါင္း ၅၈၂၉ ေယာက္႐ွိၿပီး ၄၁၁၆ ေယာက္သက္သာလာကာ ၁၆၅၃ ေယာက္ကို ကုသမႈေပးေနသည္။ ေသဆံုးသူစုစုေပါင္း ၆၀ ႐ွိေနသည္။
 
Ref : 67 new Covid-19 cases, 58 local infections, plus migrants
 
#PeopleMedia
 
(unicode)
ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ရွှေ့ပြောင်းလုပ်သား ၁၂၀၀ ကျော်ထပ်တိုး
………………………………………..
 
ဘန်ကောက်၊ ဒီဇင်ဘာ ၂၄
 
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇ ယောက်ထပ်တိုးပြီး ပြည်တွင်းကူးစက်လူနာ ၅၈ ယောက်နှင့် အသွား အလာကန့်သတ်ထားသည့်နိုင်ငံခြားပြန် ၈ ယောက်ပါဝင်ကြောင်း ထိုင်းအစိုးရက ကြာသပတေးနေ့ တွင်ထုတ်ပြန်သည်။ ရွှေ့ပြောင်းလုပ်သားများကူးစက်ခံရခြင်းကိုလည်း သီးခြားထုတ်ပြန်သည်။
 
ပြည်တွင်းကူးစက်လူနာ ၅၅ ယောက်သည် ဆာမွတ်ဆာခွတ်ခရိုင်ရှိ ပုစွန်စျေးနှင့်ဆက်စပ်ကြောင်း ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ကွပ်ကဲမှုဗဟိုဌာနပြောခွင့်ရသူ ဒေါက်တာ တာဝီဆလစ် ဝိသာနုယိုဆင်ကပြောသည်။
 
နောက်ထပ် ၃ ယောက်တွင် ၁ ယောက်က တက်ခရိုင်မှကူးစက်မှုနှင့်ဆက်စပ်သူဖြစ်ပြီး နောက်ထပ် ၂ ယောက်မှာ လူနေထူထပ်သည့်နေရာများမှဖြစ်သည်။
 
ရွှေ့ပြောင်းလုပ်သား ၁၂၃၇ ယောက် ကူးစက်ခံရကြောင်းလည်း ဒေါက်တာ တာဝီဆလစ်ကပြောသည်။
 
ထိုင်းတွင် အတည်ပြုလူနာစုစုပေါင်း ၅၈၂၉ ယောက်ရှိပြီး ၄၁၁၆ ယောက်သက်သာလာကာ ၁၆၅၃ ယောက်ကို ကုသမှုပေးနေသည်။ သေဆုံးသူစုစုပေါင်း ၆၀ ရှိနေသည်။
 
Ref : 67 new Covid-19 cases, 58 local infections, plus migrants
 
#PeopleMedia

Share this post