• Follow Us on
Latest News

Home ထိုင္းတြင္ ေဆးေျခာက္ခရီးသြားလုပ္ငန္းစတင္ရန္ ထိုင္းအစိုးရျပင္ဆင္

ထိုင္းတြင္ ေဆးေျခာက္ခရီးသြားလုပ္ငန္းစတင္ရန္ ထိုင္းအစိုးရျပင္ဆင္

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ႏိုင္ငံတ၀န္းတြင္ စိုက္ပ်ိဳးေရးအၾကမ္းဖ်င္းအစီအစဥ္မ်ားကို အဆံုးသတ္ၿပီးေနာက္ပိုင္း ၂၀၂၁ ခုႏွစ္တြင္ အေ႐ွ႕ေတာင္အာ႐ွ၏ပထမဆံုး ေဆးေျခာက္ခရီးသြားလုပ္ငန္းကို စတင္မိတ္ဆက္ရန္ ထိုင္းခရီးသြား၊ အားကစားႏွင့္ က်န္းမာေရး၀န္ႀကီးဌာနမ်ားက ျပင္ဆင္ေနသည္။

ခရီးသြားလုပ္ငန္း၏ရည္႐ြယ္ခ်က္သည္ ေဆးေျခာက္ကို ေဆးျဖစ္ဝါးျဖစ္အသံုးျပဳျခင္းဆိုင္ရာအသိပညာ ႁမွင့္တင္ရန္ႏွင့္ ႏိုင္ငံအတြင္း တရားဥပေဒအရစိုက္ပ်ိဳးရန္စိတ္၀င္စားသူမ်ားကို အသိေပးရန္ဟု ထိုင္းခရီးသြားႏွင့္အားကစား၀န္ႀကီး ဖီဖက္ ရတ္ခ်ာကစ္ပရာခန္း ကေျပာသည္။

မယ္ေဟာင္ဆန္၊ လမ္ပန္၊ ဆာမြတ္ဆြန္ခရန္၊ ဆာခြန္နခြန္၊ နခြန္ရတ္ခ်ာဆီမာ၊ ဘူရီရမ္၊ ဖတ္သာေလာင္းႏွင့္ ခၽြန္ဘူရီခ႐ိုင္တို႔တြင္ ခရီးစဥ္တစိတ္တပိုင္းျဖစ္ႏိုင္သည့္စိုက္ခင္းမ်ား႐ွိေနသည္။

ထိုင္း႐ိုးရာႏွင့္အျခားေဆးဝါးမ်ားဌာနႏွင့္ ခရီးသြားဌာနတို႔ပူးေပါင္းအလုပ္လုပ္ၿပီး ေဆးဖက္၀င္အပင္မ်ားႏွင့္ ေဆးေျခာက္မ်ားသံုးမည့္ တိုင္းရင္းေဆးမ်ားပါ၀င္မည့္ ေဆးဘက္ဆိုင္ရာခရီးသြားလုပ္ငန္းကို ႁမွင့္တင္သြား မည္ဟုလည္း ဖီဖက္ကေျပာသည္။

၂၀၁၈ ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၌ ေဆးျဖစ္ဝါးျဖစ္ေဆးေျခာက္အသံုးျပဳခြင့္ တရား၀င္ေပးလိုက္ၿပီးေနာက္ပိုင္း ယခုခရီးသြားလုပ္ငန္းစီစဥ္ျခင္းျဖစ္သည္။

သို႔ေသာ္ ထိုင္းတြင္ အပန္းေျဖရန္ရည္႐ြယ္ခ်က္ျဖင့္ ေဆးေျခာက္အသံုးျပဳမႈကို တားျမစ္ထားဆဲျဖစ္သည္။

ယခုႏွစ္တြင္ အစီအစဥ္စတင္ရန္ရည္႐ြယ္ထားေသာ္လည္း ကမာၻ႔ကပ္ေရာဂါေၾကာင့္ ၂၀၂၁ ခုႏွစ္တြင္စတင္ရန္ အခ်ိန္ေနာက္ဆုတ္ခဲ့ျခင္းျဖစ္သည္။

Ref : Ministries prepare marijuana tour

#PeopleMedia

(unicode)
ထိုင်းတွင် ဆေးခြောက်ခရီးသွားလုပ်ငန်းစတင်ရန် ထိုင်းအစိုးရပြင်ဆင်
……………………………….

ဘန်ကောက်၊ ဒီဇင်ဘာ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံတဝန်းတွင် စိုက်ပျိုးရေးအကြမ်းဖျင်းအစီအစဉ်များကို အဆုံးသတ်ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှ၏ပထမဆုံး ဆေးခြောက်ခရီးသွားလုပ်ငန်းကို စတင်မိတ်ဆက်ရန် ထိုင်းခရီးသွား၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနများက ပြင်ဆင်နေသည်။

ခရီးသွားလုပ်ငန်း၏ရည်ရွယ်ချက်သည် ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ်အသုံးပြုခြင်းဆိုင်ရာအသိပညာ မြှင့်တင်ရန်နှင့် နိုင်ငံအတွင်း တရားဥပဒေအရစိုက်ပျိုးရန်စိတ်ဝင်စားသူများကို အသိပေးရန်ဟု ထိုင်းခရီးသွားနှင့်အားကစားဝန်ကြီး ဖီဖက် ရတ်ချာကစ်ပရာခန်း ကပြောသည်။

မယ်ဟောင်ဆန်၊ လမ်ပန်၊ ဆာမွတ်ဆွန်ခရန်၊ ဆာခွန်နခွန်၊ နခွန်ရတ်ချာဆီမာ၊ ဘူရီရမ်၊ ဖတ်သာလောင်းနှင့် ချွန်ဘူရီခရိုင်တို့တွင် ခရီးစဉ်တစိတ်တပိုင်းဖြစ်နိုင်သည့်စိုက်ခင်းများရှိနေသည်။

ထိုင်းရိုးရာနှင့်အခြားဆေးဝါးများဌာနနှင့် ခရီးသွားဌာနတို့ပူးပေါင်းအလုပ်လုပ်ပြီး ဆေးဖက်ဝင်အပင်များနှင့် ဆေးခြောက်များသုံးမည့် တိုင်းရင်းဆေးများပါဝင်မည့် ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းကို မြှင့်တင်သွား မည်ဟုလည်း ဖီဖက်ကပြောသည်။

၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဆေးဖြစ်ဝါးဖြစ်ဆေးခြောက်အသုံးပြုခွင့် တရားဝင်ပေးလိုက်ပြီးနောက်ပိုင်း ယခုခရီးသွားလုပ်ငန်းစီစဉ်ခြင်းဖြစ်သည်။

သို့သော် ထိုင်းတွင် အပန်းဖြေရန်ရည်ရွယ်ချက်ဖြင့် ဆေးခြောက်အသုံးပြုမှုကို တားမြစ်ထားဆဲဖြစ်သည်။

ယခုနှစ်တွင် အစီအစဉ်စတင်ရန်ရည်ရွယ်ထားသော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင်စတင်ရန် အချိန်နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။

Ref : Ministries prepare marijuana tour

#PeopleMedia


Share this post