• Follow Us on
Latest News

Home ထိုင်းဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်တွင် စုဝေးပြီး ၀န်ကြီးချုပ်နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုရန်စီစဉ် နေ

ထိုင်းဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်တွင် စုဝေးပြီး ၀န်ကြီးချုပ်နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုရန်စီစဉ် နေ

Share this post

ဘန်ကောက်၊ အောက်တိုဘာ ၁၄
 
ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ပြည်သူများအဖွဲ့မှ အာနွန်နမ်ဖာဦးဆောင်ပြီး ဘန်ကောက်မြို့မှ ဒီမိုကရေစီအထိမ်း အမှတ်ကျောက်တိုင်တွင်စုဝေးနေသည်။
 
ဘန်ကောက်နှင့်အခြားနေရာများမှရောက်လာသောဆန္ဒပြသူများက ကျောက်တိုင်သို့မနက် ၇ နာရီခွဲတွင် ရောက်ရှိလာပြီး သူတို့ကို ချင်းမိုင်မှဗင်ကား ၇ စီးဖြင့်ရောက်လာသည့်ဆန္ဒပြသူများက ပူးပေါင်းခဲ့သည်။
 
နေ့လည် ၂ နာရီတွင် လမ်းတခြမ်းပိတ်ဆန္ဒပြမည်ဖြစ်ပြီး နောက်တခြမ်းတွင် ကားများသွားနိုင်ရန်ဖွင့်ပေး ထားမည်ဟု ဆန္ဒပြပွဲစီစဉ်သူတယောက်ကပြောသည်။
 
တော်ဝင်မိသားစုကားတန်းဖြတ်သွားချိန်တွင် တောင်းဆိုချက်များကြေညာပြီး လက် ၃ ချောင်းအလေးပြုမှုပြု လုပ်သွားမည်ဟုလည်း သိရသည်။
 
အားလုံးအဆင်သင့်ဖြစ်ပါက ထိုင်းအစိုးရအိမ်တော်သို့ချီတက်ပြီး ၀န်ကြီးချုပ်ပရာရွတ် ချန်အိုချာနုတ်ထွက်ရေး တောင်းဆိုကြမည်ဟုလည်း ပြောသည်။
 
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ဌာနချုပ်နောက်ဘက်ရှိဖိစနုလွတ်လမ်းမတဖက်ခြမ်းတွင် မီးသတ်ပိုက်များ တပ်ဆင်ထားသည့်သံချပ်ကာအဓိကရုဏ်းနှိမ်နှင်းရေးကားတစီးရပ်ထားသည်။
 
ထိုကားတွင် ရေလီတာ ၁၂၀၀၀ ပါပြီး ၆၅ မီတာအထိရေအားကောင်းသည့်အပြင် အရောင်လည်းထည့် ထားနိုင်သဖြင့် မည်သူကိုဖြန်းခံထားရကြောင်း သိနိုင်သည်။
 
Ref : Protesters gathering at Democracy Monument
 
#PeopleMedia
 
(unicode)
………………………………………………
 
 
 
 
 
 
 
 
 
Ref : Protesters gathering at Democracy Monument
 
#PeopleMedia

Share this post