• Follow Us on

Home ထိုင်းနယ်စပ် ကားပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများဖမ်းမိ

ထိုင်းနယ်စပ် ကားပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများဖမ်းမိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉ (People Media)

 

ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားလေးဆယ့်နှစ်ဦးကို ပရာချောက်ခီရိခန်းမောင်ခရိုင် တွင် တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့ပြီး အရေးပေါ်အမိန့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

 

ရွှေ့ပြောင်းအလုပ်သမားများသည် ဒန်ဆင်းခွန်နယ်စပ်ဒေသကို နှစ်ထပ်ဘတ်စ်ကားဖြင့် ဖြတ်ကျော်နေစဉ် အ တွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးတွင် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး နှင့် တစ်လသားအရွယ်ကလေးငယ်တစ်ဦးပါရှိကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။

 

အစိုးရအရာရှိများက အသက် ၆၂ နှစ်ရှိ မော်တော်ကားဒရိုင်ဘာ ပီရာကဒ်ဆွမ်ဘွန်းကိုပါ ဖမ်းဆီးခဲ့သည်။ ရွှေ့ ပြောင်းအလုပ်သမားများကို ဒန်ဆင်းခွန်နယ်စပ်ဒေသသို့ ကားမောင်းပို့ရန် ၎င်းအား ရွှေ့ပြောင်းအလုပ်သမား ပွဲစားများက ဘတ်ငွေ ၁၂,၀၀၀ ပေးခဲ့ကြောင်း ပီရာကဒ်ဆွမ်ဘွန်းကပြောသည်။

 

ဖမ်းဆီးရမိအလုပ်သမားများထဲမှ အရွယ်ရောက်သူအလုပ်သမားများမှာ အလုပ်လုပ်ခွင့်လက်မှတ်ရရှိထားသူများ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် အလုပ်မရှိသည်မှာအချိန်ကြာမြင့်လာပြီဖြစ်သောကြောင့် ၎င်းတို့မိခင်တိုင်းပြည် သို့ပြန်လည်ဝင်ရောက်ရန် စိတ်အားထက်သန်နေကြသည်။ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁၀,၀၀၀ စီ ပွဲစားများထံပေးရကြောင်း ပီရာကပြောသည်။

 

ကားဒရိုင်ဘာ ပီရာကဒ်ဆွမ်ဘွန်းနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများကို Covid-19 စစ်ဆေးရန်နှင့် အခြားလို အပ်သည်များစစ်ဆေးမေးမြန်းရန် အမှတ် ၁၄၆ နယ်စပ်ကင်းလှည့်ရဲ တပ်ဖွ့ဲဌာနချုပ်သို့ ခေါ်ဆောင်သွားသည်။ ရွှေ့ပြောင်းအလုပ်သမား ဆယ့်နှစ်ဦးတွင် Covid-19 ရောဂါကူးစက်ထားကြောင်းတွေ့ရှိရသည်။

ဘန်ကောက်၊ နန်သာဘူရီ၊ ချာချိုအန်စိုနှင့် ဆမွတ်ပရာခန်ဒေသအသီးသီးမှ ရောက်ရှိလာသော ရွှေ့ပြောင်းအ လုပ်သမားများသည်  အပြန်ခရီးအတွက်စီစဉ်နေစဉ်အတွင်း ဆမွတ်ဆခုန်တွင် စောင့်ဆိုင်းနေကြခြင်းဖြစ် ကြောင်း ပီရာကပြောသည်။

 

ကာဖျူးအမိန့်အားချိုးဖောက်ခြင်း ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းအလုပ်သမားများအား သယ်ယူပို့ဆောင်ခြင်း စသည့်အရေးပေါ်အမိန့်အား ချိုးဖောက်ခြင်းတို့အတွက် ကားဒရိုင်ဘာ ပီရာအား တရားစွဲဆိုထားပြီး ရွှေ့ပြောင်း အလုပ်သမားများအား အမိန့်မနာခံမှု၊ ခရီးသွားလာခွင့်ပိတ်ပင်တားမြစ်ထားခြင်းအား ချိုး ဖောက်မှုတို့ဖြင့် တရား စွဲဆိုထားကြောင်းသိရသည်။

 

Ref: Cops catch migrants on dash to border

 

#PeopleMedia #မြန်မာရွှေ့ပြောင်းလုပ်သား #ထိုင်းနယ်စပ်

 

(unicode)


……………………………………………

 


 


 


 


 


 



 


 

Ref: Cops catch migrants on dash to border

 



Share this post