• Follow Us on

Home ထိုင်းနိုင်ငံမှ MoU စနစ်ဖြင့် အလုပ်သမားများပြန်လည်ခေါ်ယူပြီဖြစ်သဖြင့် မြန်မာအလုပ်သမားစေလွှတ်ရေး အတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီး ပြောကြား

ထိုင်းနိုင်ငံမှ MoU စနစ်ဖြင့် အလုပ်သမားများပြန်လည်ခေါ်ယူပြီဖြစ်သဖြင့် မြန်မာအလုပ်သမားစေလွှတ်ရေး အတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

ထိုင်းနိုင်ငံမှ MoU စနစ်ဖြင့် အလုပ်သမားများ ပြန်လည်ခေါ်ယူပြီဖြစ်သဖြင့် မြန်မာအလုပ်သမား စေလွှတ်ရေး အတွက် စတင်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြော သည်။

 

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံတွေကို အလုပ်သမားစေလွှတ်ဖို့ လုပ်ငန်းစဉ်တွေကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှစပြီး၊ ရပ်ဆိုင်းထားခဲ့ပါတယ်။ ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ရောဂါ လျော့ကျလာတာကြောင့် MoU စနစ်နဲ့ အလုပ်သမားတွေ ပြန်လည်ခေါ်ယူပြီဖြစ်တဲ့အတွက် မြန်မာအလုပ်သမား စေလွှတ်ဖို့အတွက် စတင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုင်စင်ရ အေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ်အား မြန်မာဘက်ခြမ်း၌ ပြောင်းလဲလာသည့် ငွေကြေးလဲလှယ်နှုန်းထားများအရ ၂၀၁၅ ခုနှစ်မှစ၍ ကောက်ခံသည့်နှုန်းထား ငွေကျပ် ၁၅၀,၀၀၀/ အစား ယခုငွေကျပ် ၃၀၀,၀၀၀/- ကောက်ခံရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေးမှ အတည်ပြုခဲ့ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်သက်တမ်းအား သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ယခင် ၁ နှစ်အစား ယခု  ၂ နှစ် တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်အသစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရားမဝင် သွားရောက်လုပ်ကိုင်မှု မရှိစေရေး၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကောက်ခံမှု မရှိစေရေး၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှု မရှိစေရေး၊ ဂုဏ်သိက္ခာ ရှိသော အလုပ်သမားစုဆောင်းမှု ဖြစ်စေရေးနှင့် အလုပ်သမားများ လူကုန်ကူးမှု မခံရစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

 

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင် စေလွှတ်နိုင် ရေးအတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ရာ ယနေ့အထိ အေဂျင်စီ (၁၁၄)ခုရှိကြောင်း သိရသည်။

 

#PeopleMedia #ထိုင်း_မြန်မာ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post