• Follow Us on

Home ထိုင်းနိုင်ငံသို့ တစ်ရက်ထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၅၀) ကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသို့ တစ်ရက်ထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၅၀) ကျော် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၇

 

မတ်လ ၄ ရက်နေ့ တစ်ရက်ထဲ၌ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၁၅၀) ဦးကျော် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဗဟိုမှ ထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့ ညနေပိုင်း ၄ နာရီ ၃၀ မိနစ်အချိန်၌ ပကျွတ်စီရီခန်ပြည်နယ် အောင်နွဲ့ခရိုင် အတွင်း မြန်မာနိုင်ငံသား (၁၇) ဦးအားလည်းကောင်း၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ဗန်းအူလောင်ရွာ ကန်ကျနဘုရီပြည်နယ်အတွင်း မြန်မာနိုင်ငံသား (၁၉) ဦးနှင့် ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဗန်းနမ်းကျုံရွာ ပကျွတ်စီရီခန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသား (၁၁၉) ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖမ်းဆီးရမိသူများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ရန် ပွဲစားထံ ပွဲစားခ ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ဘတ်ထိ ပေးဆောင်ခဲ့ရပြီး၊ ဖမ်းဆီးရမိသူများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မော်လမြိုင်နှင့် ထားဝယ်တို့မှ လာရောက်သူများဖြစ်သည်။

 

ပြီးခဲ့သည့်လအတွင်းကလည်း ထိုင်းနိုင်ငံသို့ တရာမဝင်ရောက်မှုကြောင့် ရာနှင့်ချီသည့် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးများ မကြာခဏဆိုသလို ဖမ်းဆီးခံနေရသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 

#PeopleMedia


Share this post