• Follow Us on

Home ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Share this post

မန္တလေး၊ မတ် ၁၂

 

ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့သည် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ယမန်နေ့ ညပိုင်းက ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

 

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထွက်ခွာလာကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး သံမှူး ကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။

 

အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယမန်န့နံနက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ Temple of the Emerald Buddha (မြဘုရား)အား သွားရောက်ဖူးမြော်ပြီး The Grand Palace (ထိုင်းဘုရင့်နန်းတော်)ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

(unicode)


…………………………………..

 

မန်တလေး၊ မတျ ၁၂

 


 


 


 


 

#PeopleMedia


Share this post