• Follow Us on

Home ထိုင္းနိုင္ငံေတာင္ပိုင္း ေရေဘးတြင္ ေသဆုံးသူ ၁၃ ဦးအထိ ရွိလာ

ထိုင္းနိုင္ငံေတာင္ပိုင္း ေရေဘးတြင္ ေသဆုံးသူ ၁၃ ဦးအထိ ရွိလာ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၆ (PeopleMedia )
ထိုင္းနိုင္ငံေတာင္ပိုင္း နာခြန္ဆီသမ္မာရတ္ျပည္နယ္၌ ေရႀကီးေရလၽွံမႈမ်ားႏွင့္ မိုးသည္းထန္စြာ ရြာသြန္းမႈ ေၾကာင့္ လူ ၁၃ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ရက္အနည္းငယ္အတြင္း နာခြန္ဆီသမ္မာရတ္ျပည္နယ္၌ မိုးသည္းထန္စြာ ရြာသြန္းၿပီးေနာက္ ေရေဘးေၾကာင့္ ရြာသား ၁၃ ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း ေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးႏွင့္ ေလၽွာ့ခ်ေရးဌာ န (DDPM) က ထုတ္ျပန္သည့္ အစီရင္ခံစာတစ္ေစာင္အရ သိရသည္။
ၿပီးခဲ့သည့္လေႏွာင္းပိုင္းကတည္းက မိုးသည္းထန္စြာ အဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ထိုင္းနိုင္ငံ၌ ေတာင္ပိုင္းရွိ ျပည္နယ္ေျခာက္ခု၌ ေရေဘးသင့္ေနေၾကာင္း အဆိုပါဌာနက ေျပာသည္။
ျပည္နယ္ေျခာက္ခုရွိ ခရိုင္ ၆၆ ခုတြင္ ေက်းရြာေပါင္း ၂၆၈၀ မွ အိမ္ေထာင္စုေပါင္း ၃၂၁၀၅၇ စု ေရေဘး သင့္ခဲ့ၿပီး ေဒသခံအာဏာပိုင္မ်ားက ေရေဘးသင့္ျပည္သူမ်ားသို႔ အေရးေပၚကယ္ဆယ္ေရး အစီအမံမ်ား ေထာက္ပံ့ ေပးလ်က္ရွိသည္။
ထိုင္းနိုင္ငံေတာင္ပိုင္းရွိ ေရေဘးသင့္ေဒသမ်ားတြင္ ဆူရတ္သာနီ၊ ကရာဘီ၊ ထရန္၊ ဖတ္သာေလာင္၊ ေဆာင္ခလာႏွင့္ နာခြန္ဆီသမ္မာရတ္ ျပည္နယ္မ်ားပါဝင္သည္။
ကိုးကား – ဆင္ဟြာ
Ref; 13 villagers killed due to flash floods, torrential waters in southern Thailand
(unicode)
ထိုင်းနိုင်ငံတောင်ပိုင်း ရေဘေးတွင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာ
…………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (PeopleMedia )
ထိုင်းနိုင်ငံတောင်ပိုင်း နာခွန်ဆီသမ်မာရတ်ပြည်နယ်၌ ရေကြီးရေလျှံမှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း နာခွန်ဆီသမ်မာရတ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေဘေးကြောင့် ရွာသား ၁၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဌာ န (DDPM) က ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်အရ သိရသည်။
ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ၌ တောင်ပိုင်းရှိ ပြည်နယ်ခြောက်ခု၌ ရေဘေးသင့်နေကြောင်း အဆိုပါဌာနက ပြောသည်။
ပြည်နယ်ခြောက်ခုရှိ ခရိုင် ၆၆ ခုတွင် ကျေးရွာပေါင်း ၂၆၈၀ မှ အိမ်ထောင်စုပေါင်း ၃၂၁၀၅၇ စု ရေဘေး သင့်ခဲ့ပြီး ဒေသခံအာဏာပိုင်များက ရေဘေးသင့်ပြည်သူများသို့ အရေးပေါ်ကယ်ဆယ်ရေး အစီအမံများ ထောက်ပံ့ ပေးလျက်ရှိသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရေဘေးသင့်ဒေသများတွင် ဆူရတ်သာနီ၊ ကရာဘီ၊ ထရန်၊ ဖတ်သာလောင်၊ ဆောင်ခလာနှင့် နာခွန်ဆီသမ်မာရတ် ပြည်နယ်များပါဝင်သည်။
ကိုးကား – ဆင်ဟွာ
Ref; 13 villagers killed due to flash floods, torrential waters in southern Thailand


Share this post