• Follow Us on

Home ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေဘေးကြောင့် လူငါးဦးထက်မနည်း သေဆုံး


Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၎
 
 
 
 
 
 
 
ကိုးကား – ရိုက်တာ
 
 
#PeopleMedia
 
(unicode)
ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေဘေးကြောင့် လူငါးဦးထက်မနည်း သေဆုံး
………………………………………………
 
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
 
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ခုနှစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။
 
လူသေဆုံးမှုများက နခွန်စီသမ်မာရတ်ပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
 
ရုပ်သံပြကွက်တစ်ခုအတွင်း အရေးပေါ်အခန်းတစ်ခုအတွင်း ရေမဝင်စေရန် ဆေးရုံဝန်ထမ်းများက သဲအိတ် များဖြင့် စုပုံနေပုံကို ပြသထားသည်။
 
ပြီးခဲ့သည့်တစ်ပတ်ကတည်းက ရေကြီးရေလျှံမှု စတင်ခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ခုနှစ်ခုတွင် အိမ် ထောင်စုပေါင်း ၂၂၅၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
 
ရေဘေးသင့်ဒေသ၏ ထိုင်းနိုင်ငံ၏ ရော်ဘာစိုက်ခင်းများရှိရာ အများဆုံးရှိပြီး ကမ္ဘာပေါ်တွင် သဘာဝရော် ဘာထုတ်လုပ်မှု အချက်အချာနေရာဖြစ်သည်။
 
မိမိပိုင် ရော်ဘာခြံများအတွင်း ရော်ဘာပင် ၂၀ ကျော် ရေနစ်မြုပ်ခဲ့ပါက ရော်ဘာစိုက်တောင်သူများကို ဘတ်ငွေ ၃၀၀၀ စီပေးမည်ဟု ထိုင်းနိုင်ငံ ရော်ဘာလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။
 
ကိုးကား – ရိုက်တာ
 
Ref; Five dead as flash floods hit southern Thailand
 
#PeopleMedia

Share this post