• Follow Us on

Home ထိုင်းနိုင်ငံ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်လာ

ထိုင်းနိုင်ငံ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်မြှင့်လာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂ (People Media)

 

အစိုးရ၏ ကပ်ရောဂါအရေး ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူများ၏ မကျေနပ်မှု ကြီးမားလာနေသည့် ကိုရိုနာဗိုင်းရပ်စ်ဘေးသင့် ထိုင်းနိုင်ငံ၌ ဆန္ဒပြမှုများ အရှိန်မြင့်တက်လာခဲ့သည်။

 

ယမန်နေ့က ဘန်ကောက်မြို့တော်နှင့် အခြားဧရိယာများတွင် လူအင်အားများစွာပါဝင်သော အစိုးရဆန့် ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

 

ပြီးခဲ့သည့်စနေနေ့က ဘန်ကောက်မြို့တော်၌ လူ ၁၀၀၀ ခန့်ပါဝင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ် ခုဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လူအုပ်ကြီးက ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ကိုရို နာဗိုင်းရပ်စ် ပျံ့နှံ့မှုမဖြစ်စေရန် ဆန္ဒပြသူအချို့က မော်တော်ကားများ၊ ဆိုင်ကယ်များ စီးနင်းခဲ့ကြသည်။

 

ကူးစက်မြန် ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့် တက်လာမှု ကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံ၌ ယခုလအတွင်း တစ်ရက်လျင် ဗိုင်းရပ်စ်ကူးစက်မှု ၂၀၀၀၀ ဝန်းကျင်ရှိလာခဲ့ပြီး ဧပြီလအတွင်း တစ်ရက်လျင် ကူးစက်မှု ၁၀၀ ခန့်သာရှိခဲ့သည်။

 

ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ကြန့်ကြာနေမှုများအတွက် ဆန္ဒပြ သူများက ထိုင်းအစိုးရအား ပြစ်တင်လျက်ရှိသည်။

 

ထိုင်းအစိုးရက တိုင်းပြည်၏ ကျန်းမာရေးစနစ်ကို စီမံခန့်ခွဲနိုင်ခြင်းမရှိကြောင်း၊ ခုတင်မလုံလောက်မှု၊ ကု သမှုမခံယူရခြင်းတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်လူနာများ သေဆုံးနေရကြောင်း ဆန္ဒပြသူတစ်ဦးက ပြောသည်။

 

ဆန္ဒပြသူတစ်ချို့က လမ်းပိတ်ဆို့ရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့များကို ကျောက်ခဲများ၊ ဗုံးများဖြင့် ပစ်ခတ်ခဲ့ သည်။ ရဲတပ်ဖွဲ့ကလည်း ရော်ဘာကျည်များ၊ မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်၌ လက်တုံ့ပြန်ခဲ့သည်။

 

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ အပါအဝင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

 

ကာလရှည်ကြာနေပြီဖြစ်သည့် ခရီးသွားလာမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက်များအ ပြင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်လာမှုကြောင့် အမျက်ဒေါသထွက်နေသည့် ထိုင်းပြည်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍ ပြုလုပ်လာသည်။

 

Ref; Anti-government protests escalate in Thailand

 

#PeopleMedia #EPN #international #ထိုင်း

 

(unicode)


…………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref; Anti-government protests escalate in Thailand

 



Share this post