• Follow Us on

Home ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား (၁၃၈) ဦး နှင့် လူနာ (၂) ဦးတို့ကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံံသို့ ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား (၁၃၈) ဦး နှင့် လူနာ (၂) ဦးတို့ကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံံသို့ ပြန်လည်ပို့ဆောင်

Share this post

ရန်ကုန်၊ မတ် ၁၈

 

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား (၁၃၈) ဦး နှင့် လူနာ ကျား ၂ ဦးတို့ကို မတ်လ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ထိုင်းအာဏာပိုင်များက မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

 

အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ် ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား ကျား(၁၁၄)ဦး၊ မ(၂၂)ဦး၊ စုစုပေါင်း (၁၃၆) ဦး၊ ကလေး ကျား(၁)ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂)ဦး၊ အားလုံးစုစုပေါင်း  (၁၃၈) ဦးနှင့် လူနာ ကျား ၂ ဦး တို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၉) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………

 


 


 


 

#PeopleMedia


Share this post