• Follow Us on

Home ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကိုင်းဆရာတော်အတွက် မြောက်ဦးဆရာတော်မှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်း

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကိုင်းဆရာတော်အတွက် မြောက်ဦးဆရာတော်မှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်း

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၅ (People Media)

 

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှုခံယူနေရသည့် စစ်ကိုင်းဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသအတွက် မြောက်ဦး ဆရာတော် အရှင်ဝါယာမိန္ဒမှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းလိုက်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း သီတဂူဆရာတော်ဘုရားကြီးမှ စစ်ကိုင်းတိပိဋကဆရာတော် ဘဒ္ဒန္တအဘိဇာတာ ဘိဝံသ၏ ကျန်းမာရေးအလှူအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း (မြန်မာကျပ် သိန်း ၁၉၀)ကို လှူဒါန်း ခဲ့သည်။

 

စစ်ကိုင်းတိပိဋကဆရာတော်သည် ချဉ်ဆီအစားထိုးကုသရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၈) ရက်၌ ဆေးကုသမှုခံယူရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်သွားခဲ့ပြီး ဆေးဝါးကုသခံယူနေလျက်ရှိ သည်။ စစ်ကိုင်းတိပိဋကဆရာတော် ဆေးကုသရန်အတွက် သိန်းထောင်နှင့်ချီ ကုန်ကျမည်ဖြစ်ကြောင်း သိရ သည်။

 

စစ်ကိုင်းဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် မန္တလေး ပရိယတ္တိသာသနဟိတ သာသနာလင်္ကာရ သာ မေဏေကျော်၊ မန္တလေး ပရိယတ္တိသာသနဟိတ သကျသီဟ အဘိဝံသ၊ ရန်ကုန် နိကာယုဇ္ဇောတက အာဘိ ဓမ္မိက တိပိဋကဓရ၊ အစိုးရ တိပိဋကဓရ၊ အစိုးရ တိပိဋကကာဝိဒ၊ အစိုးရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အပါအဝင် ဘွဲ့တံဆိပ်တော် (၄၇) ခု ရရှိထားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။

 

#PeopleMedia #သာသနာရေး #စစ်ကိုင်းဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသ

 

(unicode)


…………………………………………………………….

 

မန်တလေး၊ ဒီဇငျဘာ ၁၅ (People Media)

 


 


 


 

စဈကိုငျးဆရာတောျ ဘဒ်ဒန်တအဘိဇာတာဘိဝံသသညျ မန်တလေး ပရိယတ်တိသာသနဟိတ သာသနာလငျ်ကာရ သာ မဏေကြေောျ၊ မန်တလေး ပရိယတ်တိသာသနဟိတ သကသြီဟ အဘိဝံသ၊ ရနျကုနျ နိကာယုဇ်ဇောတက အာဘိ ဓမ်မိက တိပိဋကဓရ၊ အစိုးရ တိပိဋကဓရ၊ အစိုးရ တိပိဋကကာဝိဒ၊ အစိုးရ တိပိဋကဓရ ဓမ်မဘဏ်ဍာဂါရိက အပါအဝငျ ဘှဲ့တံဆိပျတောျ (၄၇) ခု ရရှိထားသည့ျ ဆရာတောျတဈပါး ဖွဈသညျ။

 

#PeopleMedia #သာသနာရေး #စဈကိုငျးဆရာတောျဘဒ်ဒန်တအဘိဇာတာဘိဝံသ


Share this post