• Follow Us on

Home ထိုင်းဘက်သို့တရားမဝင်ခိုးဝင်ခဲ့သည့်မြန်မာနိုင်ငံသား ၁၅၈ ယောက်ကို ထိုင်းဘက်ကပြန်ပို့ပေး

ထိုင်းဘက်သို့တရားမဝင်ခိုးဝင်ခဲ့သည့်မြန်မာနိုင်ငံသား ၁၅၈ ယောက်ကို ထိုင်းဘက်ကပြန်ပို့ပေး

Share this post

ရနောင်း၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ထိုင်းအရာရှိများက ကြာသပတေးနေ့တွင် ထိုင်းတောင်ပိုင်းနယ်စပ်အနီးရှိထိန်းသိမ်းရေးစခန်းတခုတွင်ထိန်း သိမ်းထားသော အထောက်အထားမပါသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၈ ယောက်ကို နေရပ်ပြန်ပို့ခဲ့သည်။
လာမည့်ရက်များအတွင်း မြန်မာနိုင်ငံသားနောက်ထပ် ၁၀၀ ခန့်ကို နေရပ်ပြန်ပို့ရန်ရှိကြောင်း မြန်မာအာဏာ ပိုင်များနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ရနောင်းခရိုင်မှထိုင်းအရာရှိများကပြောသည်။
ရနောင်းအုပ်ချုပ်ရေးမှူး ဆွမ်ကီယက် ဆရီဆာနက်နှင့် ရနောင်းမှမြန်မာအရာရှိ ဒေါ်ထက်ထွေးဖြိုးတို့က အခြားအရာရှိများနှင့်အတူ နေရပ်ပြန်ပို့ရမည့်သူများကို ကော့သောင်းသို့ပို့ပေးမည့်လှေ ၁၃ စင်းပေါ်တင်ပေးခဲ့သည်။
ပြည်သူ့ကျန်းမာရေးအရာရှိများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအစီအစဉ်များလုပ်ဆောင်ခဲ့ပြီး အခြားနိုင်ငံသားအားလုံးကို ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်း အတည်ပြုသည်ဟု မစ္စတာ ဆွမ်ကီယက်ကပြောသည်။
လုပ်သားများသင်္ဘောပေါ်မတက်ခင် မြန်မာအရာရှိများက သူတို့ကိုတယောက်ချင်းစီနာမည်ခေါ်ပြီး ကိုယ်ပူချိန်စစ်ဆေးခဲ့သည်။
ထိုသူများထဲတွင် အမျိုးသမီး ၁၆ ယောက်နှင့် ကလေး ၅ ယောက်လည်းပါဝင်သည်။
ထိုသူများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုများရှင်းလင်းကြောင်း ထိုင်းနိုင်ငံအနောက်ပိုင်းရှိ အက်ဒမန်ပင်လယ်ကိုကြီးကြပ်ကွပ်ကဲရသည့် အမှတ် ၃ ရေတပ်နယ်မြေကပြောသည်။
ကြာသပတေးနေ့တွင်နေရပ်ပြန်သူများထဲ၌ ကော့သောင်းကဲ့သို့ ရနောင်းနှင့်နီးသောမြန်မာမြို့များတွင် နေထိုင်သူများပါဝင်သည်။
Ref : Thailand Expels 158 Myanmar Migrants Back Home
#PeopleMedia
(unicode)
………………………………………..
Ref : Thailand Expels 158 Myanmar Migrants Back Home
#PeopleMedia


Share this post