• Follow Us on

Home ထိုင်းဘတ်နှင့် မြန်မာကျပ်တိုက်ရိုက်ပေးချေမှုစနစ်အား စမ်းသပ်ကာလ(Pilot Period) အဖြစ် (၃) လ စမ်းသပ် ဆောင်မည်

ထိုင်းဘတ်နှင့် မြန်မာကျပ်တိုက်ရိုက်ပေးချေမှုစနစ်အား စမ်းသပ်ကာလ(Pilot Period) အဖြစ် (၃) လ စမ်းသပ် ဆောင်မည်

Share this post

နေပြည်တော်၊ မတ် ၁၁

 

ထိုင်းဘတ်နှင့် မြန်မာကျပ် တိုက်ရိုက်ပေးချေမှုစနစ်အား စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ် (၂၁) ရက်မှစတင်၍ (၃) လ စမ်းသပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ဦးဆောင်၍ ယမန် နေ့က ပြုလုပ်သည့် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဒေသများတွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များအကြား ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ(Pilot Period) အဖြစ်  မတ် (၂၁) ရက်မှစတင်၍ (၃)လ စမ်းသပ်ဆောင်ရွက်ရန်ကိစ္စ၊ မြေပြင်တွင် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေး အတွက် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရေးကိစ္စ၊ ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား ရှင်းလင်းခြင်း အစီအစဉ် (Public Awareness) ကို မတ်လ တတိယပတ်အတွင်း ဆောင်ရွက်ရန်ကိစ္စ၊ ဘတ်/ကျပ် ဈေးကွက်ငွေလဲ လှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အ လက်များအား သတင်းပေးပို့တင်ပြပေးရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

အထက်ပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် Kasikornbank Public Company တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 

#PeopleMedia


Share this post