• Follow Us on

Home ထိုင်းဘုရင်စနစ်ကိုစော်ကားသည့် အမျိုးသမီးတယောက်ကို ထောင် ၈၇ နှစ်ချမှတ်

ထိုင်းဘုရင်စနစ်ကိုစော်ကားသည့် အမျိုးသမီးတယောက်ကို ထောင် ၈၇ နှစ်ချမှတ်

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ထိုင်းဘုရင်စနစ်ကိုစော်ကားသည့် ဗီဒီယိုများဝေမျှသည့်အမျိုးသမီးတယောက်ကို ထိုင်းရာဇဝတ်မှုဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၈၇ နှစ်ချမှတ်လိုက်ပြီး ထိုဖြစ်ရပ်သည် ထိုင်းဘုရင်စနစ်ကိုစော်ကားမှုဖြင့် စံချိန်တင်ပြစ်ဒဏ်တခုဖြစ်လာသည်။

အသက် ၆၄ နှစ်ရှိနေသည့်ထိုအမျိုးသမီးက ဝန်ခံခဲ့သဖြင့် ထောင်ဒဏ်တဝက်လျှော့ပေးပြီး ၄၃ နှစ်နှင့် ၆ လကျခံရမည်ဖြစ်သည်။

၂၀၁၄-၂၀၁၅ ခုနှစ်တို့အတွင်း ယူတျု့တွင် ဗီဒီယို ၂၆ ခုနှင့် ဖေ့စ်ဘွတ်တွင် ၃ ခုတင်ခဲ့သော မိသားစုမဖော်ပြဘဲ အန်ချန်ဟုသာဖော်ပြသည့်အမျိုးသမီးကို ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။

ထိုဗီဒီယိုဖိုင်ထဲတွင်ပါဝင်သည်များမှ ထိုင်းဘုရင်စနစ်ကိုဝေဖန်သူဖြစ်သည့် ကလောင်အမည် ဘန်ပေါ့၏ အသံဖိုင်များကို ရုပ်သံအသွင်ပြုလုပ်ထားခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်များဖန်တီးခဲ့သည့်ဘန်ပေါ့ကို ၂၀၁၅ ခုနှစ်တွင် စစ်ခုံရုံးတင်ခဲ့ပြီး ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် ၁၀ နှစ်ကို တဝက်လျှော့ပေးခဲ့သည်။

ထိုဗီဒီယိုများကို ဝေမျှခြင်းအားဖြင့် အန်ချန်က လူအများကိုကြည့်နိုင်စေရန်လုပ်ပေးလိုက်ကြောင်း တရားရုံး ကပြောသည်။

Ref : Woman gets 87 years for lese majeste

#PeopleMedia

(unicode)
………………………………………………….








Ref : Woman gets 87 years for lese majeste

#PeopleMedia


Share this post