• Follow Us on

Home ထိုင္းဘုရင္စနစ္ကိုေ၀ဖန္သည့္ဂ႐ုကိုပိတ္သိမ္းရန္ ထိုင္းအစိုးရေ တာင္းဆိုမႈကို ေဖ့စ္ဘြတ္ရင္ဆိုင္မည္

ထိုင္းဘုရင္စနစ္ကိုေ၀ဖန္သည့္ဂ႐ုကိုပိတ္သိမ္းရန္ ထိုင္းအစိုးရေ တာင္းဆိုမႈကို ေဖ့စ္ဘြတ္ရင္ဆိုင္မည္

Share this post

ဘန္ေကာက္၊ ၾသဂုတ္ ၂၅

ထိုင္းဘုရင္အေၾကာင္းေဆြးေႏြးေျပာဆိုၾကသည့္ အဖြဲ႔၀င္ ၁ သန္း႐ွိသည့္ဂ႐ုတစ္ခုကို၀င္ခြင့္ပိတ္ရန္ ထိုင္းအစိုးရေတာင္းဆိုမႈကို ဥပေဒေၾကာင္းအရရင္ဆိုင္မည္ဟု ေဖ့စ္ဘြတ္ကုမၸဏီက အဂၤါေန႔တြင္ေျပာသည္။

ထိုင္းသက္ဦးစံပိုင္ဘုရင္စနစ္အေပၚအသေရဖ်က္သည့္အေၾကာင္းအရာမ်ားကိုျဖဳတ္မခ်ႏိုင္သျဖင့္ ဥပေဒေၾကာင္းအရရ င္ဆိုင္မည္ဟု ထိုင္းအစိုးရက ၿခိမ္းေျခာက္ၿပီးေနာက္ “Royalist Marketplace” ဂ႐ု၀င္ေရာက္ခြင့္ကို တနလၤာေန႔တြင္ လူမႈကြန္ရက္ကုမၸဏီႀကီးက ပိတ္ပင္ခဲ့သည္။

ဥပေဒေၾကာင္းအရရင္ဆိုင္မည္ဆိုသည့္အေၾကာင္းကို ေဖ့စ္ဘြတ္၏ထုတ္ျပန္ခ်က္တြင္ အေသးစိတ္ေဖာ္ျပထားျခင္းမ႐ွိေခ်၊ ထို ဂ႐ုကို ဧၿပီတြင္ ထိုင္းႏိုင္ငံမွထြက္ေျပးခဲ့သည့္ တတ္သိပညာ႐ွင္တစ္ေယာက္ျဖစ္ၿပီး သက္ဦးဆံပိုင္စနစ္ကိုေ၀ဖန္ေနသည့္ ပါဗင္ ခ်ာခ်ာဗယ္ေပါင္ပန္က တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

ထိုင္းဒစ္ဂ်စ္တယ္စီးပြားေရးႏွင့္လူမႈအသိုက္အ၀န္း၀န္ႀကီးဌာနထံမွ ဥပေဒေၾကာင္းအရေတာင္းဆိုခ်က္ျဖင့္ ထိုဂ႐ုကို၀င္ခြင့္ ပိတ္ခဲ့ေၾကာင္း တနလၤာေန႔တြင္ ထိုဂ႐ုစာမ်က္ႏွာတြင္စာေပၚလာသည္။

ထိုင္းႏိုင္ငံတြင္ ႐ွင္ဘုရင္ကို အသေရဖ်က္မႈကာကြယ္သည့္တင္းၾကပ္သည့္ဥပေဒမ်ား႐ွိၿပီး ျပစ္မႈထင္႐ွားပါက ၁၅ ႏွစ္အထိ ေထာင္ဒဏ္က်ခံရႏိုင္သည္။

Ref : Facebook to challenge Thai government demand to block group critical of monarchy

#PeopleMedia

(unicode)
ထိုင်းဘုရင်စနစ်ကိုဝေဖန်သည့်ဂရုကိုပိတ်သိမ်းရန် ထိုင်းအစိုးရ ေတာင်းဆိုမှုကို ဖေ့စ်ဘွတ်ရင်ဆိုင်မည်
………………………………………………

ဘန်ကောက်၊ ဩဂုတ် ၂၅

ထိုင်းဘုရင်အကြောင်းဆွေးနွေးပြောဆိုကြသည့် အဖွဲ့ဝင် ၁ သန်းရှိသည့်ဂရုတစ်ခုကိုဝင်ခွင့်ပိတ်ရန် ထိုင်းအစိုးရတောင်းဆိုမှုကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဖေ့စ်ဘွတ်ကုမ္ပဏီက အင်္ဂါနေ့တွင်ပြောသည်။

ထိုင်းသက်ဦးစံပိုင်ဘုရင်စနစ်အပေါ်အသရေဖျက်သည့်အကြောင်းအရာများကိုဖြုတ်မချနိုင်သဖြင့် ဥပဒေကြောင်းအရရ င်ဆိုင်မည်ဟု ထိုင်းအစိုးရက ခြိမ်းခြောက်ပြီးနောက် “Royalist Marketplace” ဂရုဝင်ရောက်ခွင့်ကို တနင်္လာနေ့တွင် လူမှုကွန်ရက်ကုမ္ပဏီကြီးက ပိတ်ပင်ခဲ့သည်။

ဥပဒေကြောင်းအရရင်ဆိုင်မည်ဆိုသည့်အကြောင်းကို ဖေ့စ်ဘွတ်၏ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိချေ၊ ထို ဂရုကို ဧပြီတွင် ထိုင်းနိုင်ငံမှထွက်ပြေးခဲ့သည့် တတ်သိပညာရှင်တစ်ယောက်ဖြစ်ပြီး သက်ဦးဆံပိုင်စနစ်ကိုဝေဖန်နေသည့် ပါဗင် ချာချာဗယ်ပေါင်ပန်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုအသိုက်အဝန်းဝန်ကြီးဌာနထံမှ ဥပဒေကြောင်းအရတောင်းဆိုချက်ဖြင့် ထိုဂရုကိုဝင်ခွင့် ပိတ်ခဲ့ကြောင်း တနင်္လာနေ့တွင် ထိုဂရုစာမျက်နှာတွင်စာပေါ်လာသည်။

ထိုင်းနိုင်ငံတွင် ရှင်ဘုရင်ကို အသရေဖျက်မှုကာကွယ်သည့်တင်းကြပ်သည့်ဥပဒေများရှိပြီး ပြစ်မှုထင်ရှားပါက ၁၅ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်သည်။

Ref : Facebook to challenge Thai government demand to block group critical of monarchy

#PeopleMedia


Share this post