• Follow Us on

Home ထိုင္းဘုရင္ႏွင့္ မိဖုရားတို႔ ေတာ္၀င္မိသားစုေထာက္ခံသူမ်ားကိုေတြ႕ဆံု

ထိုင္းဘုရင္ႏွင့္ မိဖုရားတို႔ ေတာ္၀င္မိသားစုေထာက္ခံသူမ်ားကိုေတြ႕ဆံု

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၂
ေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ေရး ဆႏၵျပသူမ်ားကဖိအားေပးေတာင္းဆိုေနခ်ိန္တြင္ ထိုင္းဘုရင္ႏွင့္မိဖုရားတို႔က တနဂၤေႏြေန႔တြင္ ေထာက္ခံအားေပးသူေထာင္ခ်ီကို ဘန္ေကာက္ၿမိဳ႕တြင္ေတြ႕ဆံုခဲ့သည္။
ဘုရင္မဟာဝီဇယေလာင္ကြန္းႏွင့္မိဖုရားဆူသီဒါတို႔ပံုမ်ားကိုင္ေဆာင္ထားေသာေထာက္ခံသူမ်ားက နန္းေတာ္၀င္းအျပင္ဘက္တြင္ နာရီေပါင္းမ်ားစြာေစာင့္ဆိုင္းခဲ့ၾကၿပီး သူတို႔အားလံုးအဝါေရာင္အက်ႌမ်ား၀တ္ထားၾကကာ ေတာ္၀င္မိသားစုကို သစၥာခံေၾကာင္းျပသခဲ့သည္။
ျပံဳး႐ႊင္ေနသည့္ဘုရင္ႏွင့္မိဖုရားတို႔ေရာက္လာခ်ိန္တြင္ လူအုပ္ႀကီးက သက္ေတာ္ရာေက်ာ္႐ွည္ပါေစဟု ဆုေတာင္းခဲ့ၿပီး စံုတြဲလမ္းေလွ်ာက္သြားသည့္လမ္းတြင္ မ်က္ႏွာသုတ္ပုဝါျဖင့္ေျခေထာက္သုတ္ေပးသူမ်ား၊ ေျခဖဝါးကိုနမ္းသူမ်ားျဖင့္စည္ကားခဲ့သည္။
အခ်ိဳ႕သူမ်ားက ဘုရင္ႏွင့္ဘုရင္မတို႔ကို ႏွင္းဆီပန္းအဝါမ်ားေပးခဲ့သည္။
ယခုေတြ႕ဆံုမႈသည္ ထိုင္းႏိုင္ငံၿမိဳ႕အနည္းအက်ဥ္းတြင္လည္း႐ွိခဲ့သည့္အလားတူအခမ္းအနားမ်ားတြင္ အႀကီးဆံုးျဖစ္သည္။
ဇူလိုင္လမွစတင္၍ ထိုင္းေက်ာင္းသားမ်ားဦးေဆာင္ကာ ေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲေရး၊ ထိုင္း၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရးႏွင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးတို႔အတြက္ ဆႏၵထုတ္ေဖာ္ေနၾကသည္။
ၿပီးခဲ့သည္လတြင္လည္း ဘန္ေကာက္ၿမိဳ႕႐ွိဂ်ာမနီသံ႐ံုးတြင္ ထိုင္းဘုရင္ေနထိုင္သည့္ဂ်ာမနီမွ ထိုင္းႏိုင္ငံသို႔ ႏိုင္ငံေရးအာဏာအသံုးျပဳခဲ့ျခင္း႐ွိ၊ မ႐ွိစံုစမ္းေပးရန္ ေတာင္းဆိုခဲ့သည္။
ထိုဆႏၵျပမႈမ်ားေၾကာင့္ လူႀကီးအမ်ားစုပါ၀င္သည့္ထိုင္းဘုရင္ကိုေထာက္ခံသူမ်ားက တန္ျပန္ဆႏၵျပမႈမ်ားျပဳလုပ္ေနၾကသည္။
Ref : Thai king and queen take to street to meet adoring royalists
#PeopleMedia
(unicode)
ထိုင်းဘုရင်နှင့် မိဖုရားတို့ တော်ဝင်မိသားစုထောက်ခံသူများကိုတွေ့ဆုံ
……………………………………..
ဘန်ကောက်၊ နိုဝင်ဘာ ၂
တော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေး ဆန္ဒပြသူများကဖိအားပေးတောင်းဆိုနေချိန်တွင် ထိုင်းဘုရင်နှင့်မိဖုရားတို့က တနင်္ဂနွေနေ့တွင် ထောက်ခံအားပေးသူထောင်ချီကို ဘန်ကောက်မြို့တွင်တွေ့ဆုံခဲ့သည်။
ဘုရင်မဟာဝီဇယလောင်ကွန်းနှင့်မိဖုရားဆူသီဒါတို့ပုံများကိုင်ဆောင်ထားသောထောက်ခံသူများက နန်းတော်ဝင်းအပြင်ဘက်တွင် နာရီပေါင်းများစွာစောင့်ဆိုင်းခဲ့ကြပြီး သူတို့အားလုံးအဝါရောင်အကျႌများဝတ်ထားကြကာ တော်ဝင်မိသားစုကို သစ္စာခံကြောင်းပြသခဲ့သည်။
ပြုံးရွှင်နေသည့်ဘုရင်နှင့်မိဖုရားတို့ရောက်လာချိန်တွင် လူအုပ်ကြီးက သက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းခဲ့ပြီး စုံတွဲလမ်းလျှောက်သွားသည့်လမ်းတွင် မျက်နှာသုတ်ပုဝါဖြင့်ခြေထောက်သုတ်ပေးသူများ၊ ခြေဖဝါးကိုနမ်းသူများဖြင့်စည်ကားခဲ့သည်။
အချို့သူများက ဘုရင်နှင့်ဘုရင်မတို့ကို နှင်းဆီပန်းအဝါများပေးခဲ့သည်။
ယခုတွေ့ဆုံမှုသည် ထိုင်းနိုင်ငံမြို့အနည်းအကျဉ်းတွင်လည်းရှိခဲ့သည့်အလားတူအခမ်းအနားများတွင် အကြီးဆုံးဖြစ်သည်။
ဇူလိုင်လမှစတင်၍ ထိုင်းကျောင်းသားများဦးဆောင်ကာ တော်ဝင်မိသားစုပြုပြင်ပြောင်းလဲရေး၊ ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့အတွက် ဆန္ဒထုတ်ဖော်နေကြသည်။
ပြီးခဲ့သည်လတွင်လည်း ဘန်ကောက်မြို့ရှိဂျာမနီသံရုံးတွင် ထိုင်းဘုရင်နေထိုင်သည့်ဂျာမနီမှ ထိုင်းနိုင်ငံသို့ နိုင်ငံရေးအာဏာအသုံးပြုခဲ့ခြင်းရှိ၊ မရှိစုံစမ်းပေးရန် တောင်းဆိုခဲ့သည်။
ထိုဆန္ဒပြမှုများကြောင့် လူကြီးအများစုပါဝင်သည့်ထိုင်းဘုရင်ကိုထောက်ခံသူများက တန်ပြန်ဆန္ဒပြမှုများပြုလုပ်နေကြသည်။
Ref : Thai king and queen take to street to meet adoring royalists

Share this post