• Follow Us on

Home ထိုင္းမွ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာမ်ားတြင္ တာခ်ီလိတ္မွျပန္လာသူ ၁၅ ေယာက္ပါ၀င္ေန

ထိုင္းမွ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာမ်ားတြင္ တာခ်ီလိတ္မွျပန္လာသူ ၁၅ ေယာက္ပါ၀င္ေန

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၇

ထိုင္းႏိုင္ငံသားျပန္လာသူ ၆ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္း သခ်င္း႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ပရာခၽြန္ ပရတ္ဆာကူက တနလၤာေန႔တြင္ေၾကညာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၁ ေယာက္ထပ္တိုးခဲ့ၿပီး ၉ ေယာက္သည္ တာခ်ီလိတ္မွျပန္လာသည့္ထိုင္းႏိုင္ငံ သားမ်ားျဖစ္ေၾကာင္း တနလၤာေန႔တြင္ ေၾကညာသည္။

ခ်င္း႐ိုင္တြင္ ထိုထဲမွ ၆ ေယာက္ပါ၀င္ၿပီး စုစုေပါင္း ၁၅ ေယာက္႐ွိလာသည္။

တာခ်ီလိတ္မွ 1G1-7 ဟိုတယ္တြင္အလုပ္လုပ္သူ ၄ ေယာက္လည္းပါ၀င္ၿပီး သူတို႔က ၿပီးခဲ့သည့္ဗုဒၶဟူးေန႔တြင္ အာဏာပိုင္မ်ားကိုသတင္းပို႔ခဲ့ကာ တနဂၤေႏြေန႔တြင္ ကူးစက္ေၾကာင္းရလဒ္ထြက္လာသည္ဟု ခ႐ိုင္ျပည္သူ႔က်န္း မာေရးအႀကီးအကဲ ေသာင္စာသက္ ဘြန္ေသာင္ကေျပာသည္။

တာခ်ီလိတ္မွျပန္လာသူမ်ားႏွင့္ဆက္စပ္ေနသည့္ကူးစက္အတည္ျပဳလူနာ ၃၈ ေယာက္႐ွိလာၿပီး ႏို၀င္ဘာ ၂၄ ရက္ေနာက္ပိုင္း ၂၆ ေယာက္ကို ခ်င္း႐ိုင္တြင္ေတြ႕ျခင္းျဖစ္သည္။

ခ်င္း႐ိုင္တြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ားကိုလက္ခံရန္ ဒုတိယေျမာက္ေဆး႐ံုတခုကိုျပင္ဆင္ေနသည္။

Ref : Chiang Rai Covid alert, 15 new cases linked to Tachilek

#PeopleMedia

(unicode)
ထိုင်းမှ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာများတွင် တာချီလိတ်မှပြန်လာသူ ၁၅ ယောက်ပါဝင်နေ
……………………………………………

ဘန်ကောက်၊ ဒီဇင်ဘာ ၇

ထိုင်းနိုင်ငံသားပြန်လာသူ ၆ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း သချင်းရိုင်အုပ်ချုပ်ရေးမှူး ပရာချွန် ပရတ်ဆာကူက တနင်္လာနေ့တွင်ကြေညာသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ယောက်ထပ်တိုးခဲ့ပြီး ၉ ယောက်သည် တာချီလိတ်မှပြန်လာသည့်ထိုင်းနိုင်ငံ သားများဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာသည်။

ချင်းရိုင်တွင် ထိုထဲမှ ၆ ယောက်ပါဝင်ပြီး စုစုပေါင်း ၁၅ ယောက်ရှိလာသည်။

တာချီလိတ်မှ 1G1-7 ဟိုတယ်တွင်အလုပ်လုပ်သူ ၄ ယောက်လည်းပါဝင်ပြီး သူတို့က ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များကိုသတင်းပို့ခဲ့ကာ တနင်္ဂနွေနေ့တွင် ကူးစက်ကြောင်းရလဒ်ထွက်လာသည်ဟု ခရိုင်ပြည်သူ့ကျန်း မာရေးအကြီးအကဲ သောင်စာသက် ဘွန်သောင်ကပြောသည်။

တာချီလိတ်မှပြန်လာသူများနှင့်ဆက်စပ်နေသည့်ကူးစက်အတည်ပြုလူနာ ၃၈ ယောက်ရှိလာပြီး နိုဝင်ဘာ ၂၄ ရက်နောက်ပိုင်း ၂၆ ယောက်ကို ချင်းရိုင်တွင်တွေ့ခြင်းဖြစ်သည်။

ချင်းရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကိုလက်ခံရန် ဒုတိယမြောက်ဆေးရုံတခုကိုပြင်ဆင်နေသည်။

Ref : Chiang Rai Covid alert, 15 new cases linked to Tachilek

#PeopleMedia


Share this post