• Follow Us on

Home ထိုင္းလိဂ္၀မ္းေဘာလံုးပြဲမ်ား အကန္႔အသတ္မ႐ွိေ႐ႊ႕ဆိုင္းထား

ထိုင္းလိဂ္၀မ္းေဘာလံုးပြဲမ်ား အကန္႔အသတ္မ႐ွိေ႐ႊ႕ဆိုင္းထား

Share this post

ဘန္ေကာက္၊ စက္တင္ဘာ ၁၂

ဘူရီရမ္ယူႏိုက္တက္တြင္ကစားေနသည့္ဥဇဘက္ကစၥတန္ေဘာလံုးသမားတစ္ေယာက္သည္ ထိုင္းအစိုးရၫႊန္ၾကားခ်က္အတိုင္း ၁၄ ရက္အသြားအလာကန္႔သတ္မႈခံယူၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းရလဒ္ထြက္လာသျဖင့္ ထိုင္းလိဂ္ေဘာလံုးပြဲမ်ားကို အကန္႔အသတ္မ႐ွိရပ္ဆိုင္းထားသည္။

ထိုဗိုင္းရပ္စ္သည္ ဥဇဘက္ကစၥတန္မွကူးစက္ခံလာရျခင္းျဖစ္ႏိုင္ေၾကာင္း ဗိုင္းရပ္စ္ေဗဒကၽြမ္းက်င္သူတစ္ေယာက္ကေျပာသည္။

ထိုင္းေဆးပညာသိပၸံဌာနက အဂၤါေန႔တြင္ ထိုင္းလိဂ္၀မ္းႏွင့္တူးမွ ကစားသမားမ်ား၊ အသင္းအရာ႐ွိမ်ား၊ ၀န္ထမ္းမ်ားႏွင့္ ဒိုင္လူႀကီးမ်ားပါ၀င္သည့္ စမ္းသပ္မႈ ၁၁၁၅ ခုလုပ္ခဲ့ၿပီး ေသာၾကာေန႔တြင္ အသက္ ၂၉ ႏွစ္႐ွိသည့္အလယ္တန္းလူတြင္ ကူးစက္ခံေနထားရေၾကာင္းႏွင့္ သူတစ္ေယာက္တည္းသာကူးစက္ခံထားရေၾကာင္း ျပည္သူ႔က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုသတင္းေၾကာင့္ သန္ဒါကတ္စတယ္အသင္းအပါအ၀င္ ဘူရီရမ္အသင္းႏွင့္မၾကာေသးခင္က ခ်စ္ၾကည္ေရးပြဲမ်ားကစားခဲ့သည့္အသင္းမ်ားကို စစ္ေဆးမႈမ်ားထပ္မံျပဳလုပ္ခဲ့ၿပီး ပြဲစဥ္ ၃ ပြဲကိုေ႐ႊ႕ဆိုင္းခဲ့သည္။

ထိုင္းတြင္ ကူးစက္အတည္ျပဳလူနာ ၃၄၆၆ ေယာက္႐ွိေနၿပီး ေဆး႐ံုတြင္ကုသမႈခံယူေနသူ ၉၆ ေယာက္က်န္႐ွိေနသည္။

ေသဆံုးသူ ၅၈ ေယာက္႐ွိသည္ဟု ထိုင္းCOVID-19အေျခအေနႀကီးၾကပ္ကြပ္ကဲေရးဗဟိုဌာနက ယေန႔တြင္သတင္း ထုတ္ျပန္သည္။

Ref : Covid KO for Thai football

#PeopleMedia

(unicode)
ထိုင်းလိဂ်ဝမ်းဘောလုံးပွဲများ အကန့်အသတ်မရှိရွှေ့ဆိုင်းထား
………………………………………

ဘန်ကောက်၊ စက်တင်ဘာ ၁၂

ဘူရီရမ်ယူနိုက်တက်တွင်ကစားနေသည့်ဥဇဘက်ကစ္စတန်ဘောလုံးသမားတစ်ယောက်သည် ထိုင်းအစိုးရညွှန်ကြားချက်အတိုင်း ၁၄ ရက်အသွားအလာကန့်သတ်မှုခံယူပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းရလဒ်ထွက်လာသဖြင့် ထိုင်းလိဂ်ဘောလုံးပွဲများကို အကန့်အသတ်မရှိရပ်ဆိုင်းထားသည်။

ထိုဗိုင်းရပ်စ်သည် ဥဇဘက်ကစ္စတန်မှကူးစက်ခံလာရခြင်းဖြစ်နိုင်ကြောင်း ဗိုင်းရပ်စ်ဗေဒကျွမ်းကျင်သူတစ်ယောက်ကပြောသည်။

ထိုင်းဆေးပညာသိပ္ပံဌာနက အင်္ဂါနေ့တွင် ထိုင်းလိဂ်ဝမ်းနှင့်တူးမှ ကစားသမားများ၊ အသင်းအရာရှိများ၊ ဝန်ထမ်းများနှင့် ဒိုင်လူကြီးများပါဝင်သည့် စမ်းသပ်မှု ၁၁၁၅ ခုလုပ်ခဲ့ပြီး သောကြာနေ့တွင် အသက် ၂၉ နှစ်ရှိသည့်အလယ်တန်းလူတွင် ကူးစက်ခံနေထားရကြောင်းနှင့် သူတစ်ယောက်တည်းသာကူးစက်ခံထားရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုသတင်းကြောင့် သန်ဒါကတ်စတယ်အသင်းအပါအဝင် ဘူရီရမ်အသင်းနှင့်မကြာသေးခင်က ချစ်ကြည်ရေးပွဲများကစားခဲ့သည့်အသင်းများကို စစ်ဆေးမှုများထပ်မံပြုလုပ်ခဲ့ပြီး ပွဲစဉ် ၃ ပွဲကိုရွှေ့ဆိုင်းခဲ့သည်။

ထိုင်းတွင် ကူးစက်အတည်ပြုလူနာ ၃၄၆၆ ယောက်ရှိနေပြီး ဆေးရုံတွင်ကုသမှုခံယူနေသူ ၉၆ ယောက်ကျန်ရှိနေသည်။

သေဆုံးသူ ၅၈ ယောက်ရှိသည်ဟု ထိုင်းCOVID-19အခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာနက ယနေ့တွင်သတင်း ထုတ်ပြန်သည်။

Ref : Covid KO for Thai football

#PeopleMedia


Share this post