• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ကို လဝကအကြီးအကဲဟောင်း တရားစွဲ


Share this post

ဘန်ကောက်၊ စက်တင်ဘာ ၂၃







#PeopleMedia

(Unicode)
ထိုင်းဝန်ကြီးချုပ်ကို လဝကအကြီးအကဲဟောင်း တရားစွဲ
…………………………….

ဘန်ကောက်၊ စက်တင်ဘာ ၂၃

ထိုင်းလူဝင်မှုကြီးကြပ်ရေးအကြီးအကဲဟောင်း ဆူရာချတ် ဟာ့ပန်းက ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာကို တရားဥပဒေအရရင်ဆိုင်ရန်ပြင်ဆင်နေသည်။

မျှတသောအကြောင်းပြချက်မရှိဘဲ သူ့ကိုရွှေ့ပြောင်းခဲ့သည်ဟု ဝန်ကြီးချုပ်ကို စွပ်စွဲပြီး ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် လက်မှတ်ထိုးတောင်းဆိုထားသည်ဟု ဆူရာချက်ကပြောသည်။

ရွှေ့ပြောင်းသည့်အချိန်တွင် အကြောင်းပြချက်မရှိဘဲ ထိုင်းဝန်ကြီးချုပ်ရုံးတွင် ရုံးထိုင်တာဝန်တစ်ခုပေးထားသည်။

၂၀၁၇ ခုနှစ်ဝန်းကျင်တွင် ဆူရာဆတ်သည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး နိုင်ငံခြား သားအများအပြားကို ဖမ်းဆီးခဲ့သဖြင့် ထိုင်းမီဒီယာများတွင် နေ့စဉ်တွေ့မြင်ရသည်။

သို့သော် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို၏ စမတ်ကားများနှင့် လေဆိပ်များတွင်ဇီဝအချက်အလက်တိုင်ဆိုင်စစ် ဆေးသည့်စက်များဝယ်ယူသည့်လုပ်ထုံးလုပ်နည်းများကို ဝေဖန်ခဲ့ပြီးနောက် ရာထူးမှရွှေ့ပြောင်းခံခဲ့ရသည်။

Ref : Former immigration chief, “Big Joke” suing Thai PM over transfer

#PeopleMedia


Share this post