• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုဆုံးရှုံးခဲ့ရကြောင်း ယင်လတ် ညည်းညူ

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုဆုံးရှုံးခဲ့ရကြောင်း ယင်လတ် ညည်းညူ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄ (People Media)

 

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်သော စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက တိုင်း ပြည်တွင် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများဆုံးရှုံးခဲ့ရကြောင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာက သြဂုတ်လ ၂၃ ရက်နေ့ကပြောဆိုလိုက်သည်။

 

ယင်လတ်၏ ဖူထိုင်းပါတီဦးဆောင်သောညွန့်ပေါင်းအစိုးရကို ဗိုလ်ချုပ်ကြီးပရာယွတ်ဦးဆောင်သည့် စစ်တပ်က အာဏာမသိမ်းခဲ့လျှင် လွန်ခဲ့သည့်ဆယ်နှစ် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က လွှတ်တော်အတွင်းကြေညာ ခဲ့သည့် ယင်လတ်၏မူဝါဒများမှာ ယခုအချိန်တွင် အသီးအပွင့်များဖူးပွင့်နေပြီဖြစ်ကြောင်း ယင်လတ်ရှင်နာဝပ်ထ ရာက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေရေးသားဖော်ပြခဲ့သည်။

 

ယင်လတ် အစိုးရ၏ ထင်ရှားသည့်ရည်ရွယ်ချက်များတွင် ဆန်စပါးအာမခံမှုစီမံချက် (rice-pledging scheme – စိုက်ပျိုးရာသီအစတွင်တောင်သူများအား အမတော်ကြေးချေးပေးပြီး ဆန်စပါးပြန်လည်ဝယ်ယူသည့်စနစ်) နှင့် မြန်နှုန်းမြင့်ရထားများစီမံကိန်းတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံခြင်းတို့ပါဝင်သည်။

 

“အခွင့်အလမ်းတွေဆုံးရှုံးသွားပြီးတဲ့နောက် တိုင်းပြည်ကိုပြန်လည်တည်ဆောက်ဖို့အတွက် နည်းလမ်းတွေရှာဖို့ နောက်ကြောင်းပြန်လှည့်နေရတာ တကယ့်ကိုဝမ်းနည်းစရာပါပဲ” ဟု ယင်လတ်ကပြောသည်။

 

ရလဒ်ကောင်းများရရှိအောင် ကူညီထောက်ပံ့ပေးနိုင်မှုမရှိခြင်းနှင့် လယ်သမားများအတွက် ဆန်စပါးများဝယ်ယူ ပေးနိုင်မှုမရှိခြင်းတို့အတွက် လက်ရှိအစိုးရအားဝေဖန်ရင်း မစ္စက်ယင်လတ်သည် လတ်တလောကာလတွင် လူ မှုကွန်ရက်ပေါ်တွင် တက်ကြွလှုပ်ရှားလျက်ရှိသည်ကိုတွေ့ရသည်။

 

ဗိုလ်ချုပ်ကြီးပရာယွတ်ဦးဆောင်သည့် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယင်လတ်အား ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာတရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရာထူးမှဖယ်ရှားခဲ့ပြီး သီတင်းပတ်နှစ် ပတ်အကြာ မေလ ၂၂ ရက်နေ့တွင် ယင်လတ်အစိုးရကို ဖြုတ်ချခဲ့သည်။

 

နိုင်ငံရေးအာဏာစွဲကိုင်မှုအတွက် ဗဟိုတရားရုံးချုပ်ပြစ်မှုဆိုင်ရာဌာနက ဆုံးဖြတ်ချက်မချမီ ၂၀၁၇ ခုနှစ် သြဂုတ် လ ၂၅ ရက်နေ့တွင် ယင်လတ် တိုင်းပြည်မှထွက်ပြေးသွားခဲ့သည်။ ဆန်စပါးအာမခံမှု စီမံချက် (rice-pledging scheme) ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများအား လျစ်လျူရှုခဲ့သည့် တာဝန် ပျက်ကွက်မှုအတွက် ယင် လတ်တွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး သူမအားမျက်ကွယ်တွင် ထောင်ဒဏ်ငါးနှစ်အပြစ်ပေးခဲ့သည်။

 

Ref: Yingluck bemoans lost development because of Prayut coup

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Yingluck bemoans lost development because of Prayut coup

 

#PeopleMedia


Share this post