• Follow Us on

Home ထိုင္းအလယ္ပိုင္းတြင္ ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈေၾကာင့္ လူ ၂ ေယာက္ေသဆံုး

ထိုင္းအလယ္ပိုင္းတြင္ ဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲမႈေၾကာင့္ လူ ၂ ေယာက္ေသဆံုး

Share this post

ဆာမြတ္ပရာခန္း၊ ေအာက္တိုဘာ ၂၃
 
ၾကာသပေတးေန႔ေန႔လည္ပိုင္းက ထိုင္းႏိုင္ငံအလယ္ပိုင္းဆာမြန္ပရာခန္းခ႐ိုင္မွ ဘန္ဘိုၿမိဳ႕တြင္ ပီတီတီဓာတ္ေငြ႕ပိုက္လိုင္းေပါက္ကြဲၿပီးေနာက္ အမ်ိဳးသမီးႀကီး ၂ ေယာက္ေသဆံုးၿပီး ေနာက္ထပ္လူ ၂၈ ေယာက္ဒဏ္ရာရခဲ့သည္။
 
မီးေတာက္မ်ားျမင္ရသည့္အိမ္နီးခ်င္းမ်ားလည္း ေၾကာက္လန္႔တၾကားထြက္ေျပးခဲ့ၿပီး ပတ္၀န္းက်င္တြင္႐ွိသည့္ေက်ာင္းတေက်ာင္းမွေက်ာင္းသားမ်ားလည္းထြက္ေျပးခဲ့ၾကသည္။
 
ေသဆံုးသူအမ်ိဳးသမီး ၂ ေယာက္မွာ အသက္ ၈၀ ေက်ာ္မ်ားျဖစ္ၿပီး တေယာက္မွာ အိပ္ရာထဲလဲေနသူျဖစ္သည္။
 
မီးေတာက္မ်ားလ်င္ျမန္စြာပ်ံ႕ႏွံ႔ခဲ့ၿပီး ပတ္၀န္းက်င္အိမ္မ်ားမွလူမ်ားေဘးလြတ္ရာထြက္ေျပးခဲ့ၾကသည္။
 
အိမ္ ၄ လံုးဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ၿပီး ေနာက္ထပ္အိမ္တဒါဇင္ခန္႔ ေခါင္မိုးမ်ားေပါက္ၿပဲခဲ့ေၾကာင္းလည္း အာဏာပိုင္မ်ားကအတည္ျပဳသည္။
 
ေပါက္ကြဲမႈမျဖစ္ခင္ ေဆာက္လုပ္ေရးလုပ္ငန္းသံုးကားတစီးက ပတ္၀န္းက်င္ေတြေျမဖို႔ေနသည္ဟု ေဒသခံမ်ားကေျပာသည္။
 
ပိုက္လိုင္းတခုမွ သဘာ၀ဓာတ္ေငြ႕မ်ားစိမ့္ထြက္ခဲ့ၿပီးေနာက္ မီးေလာင္ခဲ့သည္ဟု ပီတီတီကုမၸဏီကေျပာသည္။
 
Ref : Two killed, many injured by gas pipe explosion in Samut Prakan
 
#PeopleMedia
 
(unicode)
ထိုင်းအလယ်ပိုင်းတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၂ ယောက်သေဆုံး
…………………………………………………
 
ဆာမွတ်ပရာခန်း၊ အောက်တိုဘာ ၂၃
 
ကြာသပတေးနေ့နေ့လည်ပိုင်းက ထိုင်းနိုင်ငံအလယ်ပိုင်းဆာမွန်ပရာခန်းခရိုင်မှ ဘန်ဘိုမြို့တွင် ပီတီတီဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲပြီးနောက် အမျိုးသမီးကြီး ၂ ယောက်သေဆုံးပြီး နောက်ထပ်လူ ၂၈ ယောက်ဒဏ်ရာရခဲ့သည်။
 
မီးတောက်များမြင်ရသည့်အိမ်နီးချင်းများလည်း ကြောက်လန့်တကြားထွက်ပြေးခဲ့ပြီး ပတ်ဝန်းကျင်တွင်ရှိသည့်ကျောင်းတကျောင်းမှကျောင်းသားများလည်းထွက်ပြေးခဲ့ကြသည်။
 
သေဆုံးသူအမျိုးသမီး ၂ ယောက်မှာ အသက် ၈၀ ကျော်များဖြစ်ပြီး တယောက်မှာ အိပ်ရာထဲလဲနေသူဖြစ်သည်။
 
မီးတောက်များလျင်မြန်စွာပျံ့နှံ့ခဲ့ပြီး ပတ်ဝန်းကျင်အိမ်များမှလူများဘေးလွတ်ရာထွက်ပြေးခဲ့ကြသည်။
 
အိမ် ၄ လုံးဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး နောက်ထပ်အိမ်တဒါဇင်ခန့် ခေါင်မိုးများပေါက်ပြဲခဲ့ကြောင်းလည်း အာဏာပိုင်များကအတည်ပြုသည်။
 
ပေါက်ကွဲမှုမဖြစ်ခင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကားတစီးက ပတ်ဝန်းကျင်တွေမြေဖို့နေသည်ဟု ဒေသခံများကပြောသည်။
 
ပိုက်လိုင်းတခုမှ သဘာဝဓာတ်ငွေ့များစိမ့်ထွက်ခဲ့ပြီးနောက် မီးလောင်ခဲ့သည်ဟု ပီတီတီကုမ္ပဏီကပြောသည်။
 
Ref : Two killed, many injured by gas pipe explosion in Samut Prakan
 
#PeopleMedia

Share this post