• Follow Us on

Home ထိုင္းအလုပ္သမား၀န္ႀကီးဌာနက ေ႐ႊ႕ေျပာင္းလုပ္သားေနထိုင္ခြင့္ ခြင့္ျပဳ ခ်က္ ျပန္လည္ထုတ္ေပးေန

ထိုင္းအလုပ္သမား၀န္ႀကီးဌာနက ေ႐ႊ႕ေျပာင္းလုပ္သားေနထိုင္ခြင့္ ခြင့္ျပဳ ခ်က္ ျပန္လည္ထုတ္ေပးေန

Share this post

ဘန္ေကာက္၊ ဇူလိုင္ ၁၅

မတ္ ၃၀ ရက္ေနာက္ပိုင္း အြန္လိုင္းမွ မွတ္ပံုတင္ေနၾကသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ တရား၀င္မွတ္ပံု တင္သည့္ လုပ္ငန္းစဥ္မ်ားၿပီးဆံုးရန္ လူခ်င္းခြာသည့္အစီအမံမ်ားျဖင့္ ထိုင္းအလုပ္သမား၀န္ႀကီးဌာနက ၀န္ ေဆာင္မႈမ်ား ျပန္လည္စတင္ေနသည္။

မတ္ ၃၀ ရက္ ေနာက္ပိုင္းအြန္လိုင္းမွ မွတ္ပံုတင္ခဲ့သည့္ ျမန္မာ၊ ကေမာၻဒီးယားႏွင့္ လာအိုႏိုင္ငံတို႔မွ လုပ္သား မ်ားအေနျဖင့္ က်န္႐ွိေနသည့္ အလုပ္လုပ္ခြင့္သက္တမ္းျပန္တိုးသည့္အဆင့္မ်ားၿပီးဆံုးေအာင္လုပ္ရမည္ဟု အလုပ္အကိုင္ခန္႔အပ္မႈဌာနအႀကီးအကဲ Suchart Pornchaiwisetkul ကေျပာသည္။

အစိုးရေဆး႐ံုမ်ားတြင္ က်န္းမာေရးစစ္ေဆးခံၿပီး ေနထိုင္ခြင့္တံုးထုေပးရန္ ရလဒ္မ်ားကို လူ၀င္မႈႀကီးၾကပ္ေရး အရာ႐ွိတစ္ေယာက္ထံ တင္ျပရမည္။

ထို႔ေနာက္ ခ႐ိုင္လူ၀င္မႈႀကီးၾကပ္ေရး႐ံုးသို႔သြားစရာမလိုဘဲ ၀န္ႀကီးဌာန၀က္ဆိုက္တြင္ အလုပ္လုပ္ကိုင္ခြင့္ ေလွ်ာက္ထားႏိုင္မည္ဟု မစၥတာ Suchart ကေျပာသည္။

တနလၤာေန႔တြင္ မတ္ ၃၁ ရက္၌ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းကုန္းဆံုးေနသည့္ ၃ ႏိုင္ငံမွ ႏိုင္ငံျခားလုပ္သား မ်ားကို ေနာက္တစ္ႀကိမ္သက္တမ္းတိုးရန္ စတင္ခြင့္ျပဳခဲ့သည္။

အေစာပိုင္းတြင္ ထိုင္းအစိုးရ၏ COVID-19 ကာကြယ္ေရးအစီအမံမ်ားေၾကာင့္ သက္တမ္းထပ္တိုးခြင့္မျပဳခဲ့ေပ။

အြန္လိုင္းတြင္ေလွ်ာက္ထားၿပီးေနာက္ ႏိုင္ငံျခားလုပ္သားမ်ားကို ခ႐ိုင္႐ံုးမ်ားတြင္ အလုပ္လုပ္ကိုင္ခြင့္ကတ္ႏွင့္ ႏိုင္ငံသားမဟုတ္သူမ်ားကိုေပးသည့္အသိအမွတ္ျပဳကတ္ထုတ္ေပးမည္ျဖစ္သည္။

ထို႔ေနာက္ ဌာနက လုပ္သားမ်ားကို ဖုန္းစာတိုျဖင့္ မည္သည့္ေန႔ႏွင့္ အခ်ိန္တြင္ လာယူရမည္ဟု အေၾကာင္းၾကား မည္ဟုလည္းသိရသည္။

႐ံုးမ်ားတြင္ လူမအံုေစရန္ စီစဥ္ျခင္းျဖစ္ေၾကာင္းလည္းေျပာသည္။

ငါးဖမ္းလုပ္ငန္းႏွင့္ ပင္လယ္စာထုပ္ပိုးသည့္လုပ္ငန္းမ်ားမွ ႏိုင္ငံျခားသားလုပ္သားမ်ားအေနျဖင့္ ယခုကာလ အတြင္း ဒုတိယတစ္ႏွစ္ေနထိုင္ခြင့္ႏွင့္ အလုပ္လုပ္ခြင့္မ်ားေလွ်ာက္ထားႏိုင္ေၾကာင္းလည္း အသိေပးသည္။

COVID-19 ကာလအတြင္း ထိုင္းအစိုးရက ႏိုင္ငံျခားလုပ္သားမ်ားႏိုင္ငံအတြင္းေနထိုင္ခြင့္ကို ယခုႏွစ္ ႏို၀င္ဘာ ၃၀ ရက္အထိ ထပ္တိုးေပးထားသည္။

သို႔ေသာ္ ကပ္ေရာဂါေၾကာင့္ ေႏွာင့္ေႏွးမႈမ်ားျဖစ္ႏိုင္သျဖင့္ အလုပ္လုပ္ကိုင္ခြင့္မ်ားကို အေရးတႀကီးသက္တမ္း တိုးရန္ ဌာနက အႀကံျပဳထားသည္။

Ref : Labour Ministry resumes migrant permit services

#PeopleMedia

(unicode)
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားနေထိုင်ခွင့် ခွင့်ပြု ချက် ပြန်လည်ထုတ်ပေးနေ
…………………………………………………

ဘန်ကောက်၊ ဇူလိုင် ၁၅

မတ် ၃၀ ရက်နောက်ပိုင်း အွန်လိုင်းမှ မှတ်ပုံတင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်မှတ်ပုံ တင်သည့် လုပ်ငန်းစဉ်များပြီးဆုံးရန် လူချင်းခွာသည့်အစီအမံများဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဝန် ဆောင်မှုများ ပြန်လည်စတင်နေသည်။

မတ် ၃၀ ရက် နောက်ပိုင်းအွန်လိုင်းမှ မှတ်ပုံတင်ခဲ့သည့် မြန်မာ၊ ကမေ္ဘာဒီးယားနှင့် လာအိုနိုင်ငံတို့မှ လုပ်သား များအနေဖြင့် ကျန်ရှိနေသည့် အလုပ်လုပ်ခွင့်သက်တမ်းပြန်တိုးသည့်အဆင့်များပြီးဆုံးအောင်လုပ်ရမည်ဟု အလုပ်အကိုင်ခန့်အပ်မှုဌာနအကြီးအကဲ Suchart Pornchaiwisetkul ကပြောသည်။

အစိုးရဆေးရုံများတွင် ကျန်းမာရေးစစ်ဆေးခံပြီး နေထိုင်ခွင့်တုံးထုပေးရန် ရလဒ်များကို လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်ထံ တင်ပြရမည်။

ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးသို့သွားစရာမလိုဘဲ ဝန်ကြီးဌာနဝက်ဆိုက်တွင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်မည်ဟု မစ္စတာ Suchart ကပြောသည်။

တနင်္လာနေ့တွင် မတ် ၃၁ ရက်၌ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်းဆုံးနေသည့် ၃ နိုင်ငံမှ နိုင်ငံခြားလုပ်သား များကို နောက်တစ်ကြိမ်သက်တမ်းတိုးရန် စတင်ခွင့်ပြုခဲ့သည်။

အစောပိုင်းတွင် ထိုင်းအစိုးရ၏ COVID-19 ကာကွယ်ရေးအစီအမံများကြောင့် သက်တမ်းထပ်တိုးခွင့်မပြုခဲ့ပေ။

အွန်လိုင်းတွင်လျှောက်ထားပြီးနောက် နိုင်ငံခြားလုပ်သားများကို ခရိုင်ရုံးများတွင် အလုပ်လုပ်ကိုင်ခွင့်ကတ်နှင့် နိုင်ငံသားမဟုတ်သူများကိုပေးသည့်အသိအမှတ်ပြုကတ်ထုတ်ပေးမည်ဖြစ်သည်။

ထို့နောက် ဌာနက လုပ်သားများကို ဖုန်းစာတိုဖြင့် မည်သည့်နေ့နှင့် အချိန်တွင် လာယူရမည်ဟု အကြောင်းကြား မည်ဟုလည်းသိရသည်။

ရုံးများတွင် လူမအုံစေရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်းပြောသည်။

ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာထုပ်ပိုးသည့်လုပ်ငန်းများမှ နိုင်ငံခြားသားလုပ်သားများအနေဖြင့် ယခုကာလ အတွင်း ဒုတိယတစ်နှစ်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်များလျှောက်ထားနိုင်ကြောင်းလည်း အသိပေးသည်။

COVID-19 ကာလအတွင်း ထိုင်းအစိုးရက နိုင်ငံခြားလုပ်သားများနိုင်ငံအတွင်းနေထိုင်ခွင့်ကို ယခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်တိုးပေးထားသည်။

သို့သော် ကပ်ရောဂါကြောင့် နှောင့်နှေးမှုများဖြစ်နိုင်သဖြင့် အလုပ်လုပ်ကိုင်ခွင့်များကို အရေးတကြီးသက်တမ်း တိုးရန် ဌာနက အကြံပြုထားသည်။

Ref : Labour Ministry resumes migrant permit services

#PeopleMedia


Share this post