• Follow Us on

Home ထိုင္းေက်ာင္းသားေခါင္းေဆာင္အမ်ိဳးသမီးကို အစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ားတြင္ပါ၀င္မႈျဖင့္ ထိုင္းရဲမ်ားဖမ္းဆီး

ထိုင္းေက်ာင္းသားေခါင္းေဆာင္အမ်ိဳးသမီးကို အစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ားတြင္ပါ၀င္မႈျဖင့္ ထိုင္းရဲမ်ားဖမ္းဆီး

Share this post

ဘန္ေကာက္၊ စက္တင္ဘာ ၁

ဇူလိုင္တြင္ ထိုင္းအစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ားစုေ၀းက်င္းပါရာတြင္ပါ၀င္ကူညီခဲ့သည့္ႏိုင္ငံေရးတက္ႂကြလႈပ္႐ွားသူမ်ားကို ဆက္လက္ၿဖိဳခြင္းမႈတစိတ္တပိုင္းအေနျဖင့္ အဂၤါေန႔တြင္ ထိုင္းေက်ာင္းသားေခါင္းေဆာင္တစ္ေယာက္ကို ထိုင္းရဲမ်ားက ဖမ္းဆီးလိုက္သည္။

ဘန္ေကာက္႐ွိတကၠသိုလ္တစ္ခုသို႔သြားေနသည့္လမ္းတြင္ အသက္ ၂၁ ႏွစ္႐ွိ ထိုင္းေက်ာင္းသားသမဂၢဥကၠ႒ ဂ်ဴတာတစ္ ဆီရီခန္း ကို အရပ္၀တ္ရဲမ်ားက ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သူက႐ိုက္ကူးထားၿပီး သူ႔ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္တင္ထား သည့္ဗီဒီယိုတြင္ ေတြ႕ရသည္။

တရား႐ံုးကထုတ္ေပးသည့္ဖမ္းဆီး၀ရမ္းကိုထုတ္မျပခင္ ဘန္ေကာက္ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႔၀င္တစ္ေယာက္ဟု ထိုရဲအရာ႐ွိက မိတ္ဆက္ေၾကာင္းလည္းပါ၀င္သည္။

ဂ်ဴတာတစ္ကို ျပည္တြင္းလံုျခံဳေရးဥပေဒႏွင့္ လူအမ်ားစုေ၀းမႈကိုတားျမစ္ေသာကို႐ိုနာဗိုင္းရပ္စ္စည္းမ်ဥ္းမ်ားခ်ိဳးေဖာ က္မႈအပါအ၀င္ အျခားပုဒ္မမ်ားျဖင့္စြဲခ်က္တင္ထားေၾကာင္း ဆမ္ရန္ရတ္ရဲစခန္းမွအရာ႐ွိတစ္ေယာက္ကေျပာသည္။

ဆႏၵထုတ္ေဖာ္မႈမ်ားေၾကာင့္ ဇူလိုင္မွစတင္ၿပီး ဆႏၵျပေခါင္းေဆာင္မ်ား၊ ရက္ပ္အဆိုေတာ္မ်ားႏွင့္ တက္ႂကြလႈပ္႐ွားသူမ်ား အပါအ၀င္ လူ ၁ ဒါဇင္ေက်ာ္ကို ရဲမ်ားက ဖမ္းဆီးထားသည္။ ဖမ္းဆီးထားသူမ်ားအားလံုးကို အာမခံျဖင့္ျပန္လႊတ္ေပးထားသည္။

Ref : Thai police arrest student leader over anti-government protest

#PeopleMedia

(unicode)
ထိုင်းကျောင်းသားခေါင်းဆောင်အမျိုးသမီးကို အစိုးရဆန့်ကျင်ဆန္ဒပြပွဲများတွင်ပါဝင်မှုဖြင့် ထိုင်းရဲများဖမ်းဆီး
…………………………………………………

ဘန်ကောက်၊ စက်တင်ဘာ ၁

ဇူလိုင်တွင် ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြပွဲများစုဝေးကျင်းပါရာတွင်ပါဝင်ကူညီခဲ့သည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖြိုခွင်းမှုတစိတ်တပိုင်းအနေဖြင့် အင်္ဂါနေ့တွင် ထိုင်းကျောင်းသားခေါင်းဆောင်တစ်ယောက်ကို ထိုင်းရဲများက ဖမ်းဆီးလိုက်သည်။

ဘန်ကောက်ရှိတက္ကသိုလ်တစ်ခုသို့သွားနေသည့်လမ်းတွင် အသက် ၂၁ နှစ်ရှိ ထိုင်းကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဂျူတာတစ် ဆီရီခန်း ကို အရပ်ဝတ်ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူကရိုက်ကူးထားပြီး သူ့ဖေ့စ်ဘွတ်စာမျက်နှာတွင်တင်ထား သည့်ဗီဒီယိုတွင် တွေ့ရသည်။

တရားရုံးကထုတ်ပေးသည့်ဖမ်းဆီးဝရမ်းကိုထုတ်မပြခင် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဟု ထိုရဲအရာရှိက မိတ်ဆက်ကြောင်းလည်းပါဝင်သည်။

ဂျူတာတစ်ကို ပြည်တွင်းလုံခြုံရေးဥပဒေနှင့် လူအများစုဝေးမှုကိုတားမြစ်သောကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများချိုးဖော က်မှုအပါအဝင် အခြားပုဒ်မများဖြင့်စွဲချက်တင်ထားကြောင်း ဆမ်ရန်ရတ်ရဲစခန်းမှအရာရှိတစ်ယောက်ကပြောသည်။

ဆန္ဒထုတ်ဖော်မှုများကြောင့် ဇူလိုင်မှစတင်ပြီး ဆန္ဒပြခေါင်းဆောင်များ၊ ရက်ပ်အဆိုတော်များနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် လူ ၁ ဒါဇင်ကျော်ကို ရဲများက ဖမ်းဆီးထားသည်။ ဖမ်းဆီးထားသူများအားလုံးကို အာမခံဖြင့်ပြန်လွှတ်ပေးထားသည်။

Ref : Thai police arrest student leader over anti-government protest

#PeopleMedia


Share this post