• Follow Us on
Latest News

Home ထိုင်းတောင်ပိုင်း ဒီရောက်တောအတွင်းတိုက်ပွဲတစ်ခုတွင် ထိုင်းအရာရှိတစ်ဦးနှင့် သူပုန်ခြောက်ဦးသေဆုံး

ထိုင်းတောင်ပိုင်း ဒီရောက်တောအတွင်းတိုက်ပွဲတစ်ခုတွင် ထိုင်းအရာရှိတစ်ဦးနှင့် သူပုန်ခြောက်ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

ထိုင်းနိုင်ငံတောင်ဘက်ပိုင်းရှိ ဒီရောက်တောတစ်ခုအတွင်း ထိုင်းအစိုးရတပ်ဖွဲ့ဝင်များက သူပုန်အဖွဲ့တစ်ဖွဲ့ကို ဝိုင်း ထားရာမှ အောက်တိုဘာ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ ခွဲထွက်ရေးဝါဒီသူပုန် ခြောက်ဦးနှင့် ထိုင်းတပ်မတော် မှ ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

 

နရာသီဝပ်ပြည်နယ်၊ ဘာချိုခရိုင်အတွင်း ကျေးရွာတစ်ရွာဖြစ်သော ဟူတေလူယိုကျေးရွာအနီးတစ်ဝိုက်ရှိ ဒီ ရောက်တောတစ်ခုတွင်း နံနက်အရုဏ်တက်မှ မွန်းလွဲပိုင်းအထိ ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းမှ ဘာရီဆန် အ မျိုးသားလွတ်မြောက်ရေးတပ်ဦး (BRN) ခေါ် သူပုန်အဖွဲ့မှ အလောင်းလေးလောင်းကို ပြန်လည်ဆွဲထုတ်ယူခဲ့ ကြောင်း စစ်ဘက်ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ်က ဘာနာသတင်းဌာနသို့ပြောသည်။

 

“သူပုန်တွေက သူတို့ကိုဝိုင်းထားတာကို ဖောက်ထွက်နိုင်ဖို့ တပ်ဘက်ကိုစပြီးပစ်တယ်။ နှစ်ဖက်အပြန်အလှန်ပစ် ခတ်ပြီး တိုက်ပွဲတွေဖြစ်ကြတယ်။ ကျွန်တော်တို့ဘက်က အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ကရီဆာနာပက်ချ်ချမ်း ရူ ကျဆုံးသွားပါတယ်။” ဟု ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးဌာနချုပ် ISOC-4 တိုင်းစစ်ဒေသ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးခီယာတီဆတ်နီးဝေါင်က ပြောသည်။

 

အောက်တိုဘာလ ၃ ရက်နေ့အထိ ယင်းတိုက်ပွဲဖြစ်ပွားရာနယ်မြေတွင် အနည်းဆုံးသူပုန်သုံးယောက် ပိတ်မိနေ ဆဲဖြစ်ပြီး (BRN) သူပုန် ခြောက်ဦးကျဆုံးသည့်အနက် ကျန်ရှိနေသည့် (BRN) သူပုန်အလောင်းနှစ်လောင်းကို အစိုးရတပ်ဖွဲ့ဝင်များက ဆွဲမထုတ်နိုင်သေး ကြောင်း ၎င်းကပြောသည်။

 

“သူပုန်အလောင်း လေးလောင်းကို ကျွန်တော်တို့ ဆွဲထုတ်ပြီး မနက် ၆ နာရီမှာ ဆေးရုံကိုပို့လိုက်ပါပြီ။ ကျွန် တော်တို့ဆွဲမထုတ်နိုင်သေးတဲ့အလောင်း နှစ်လောင်း ကျန်နေပါသေးတယ်။ သူပုန်တွေသေဆုံးတဲ့နေရာက တောအလွန်နက်ပြီး အဲဒီနေရာတွေကို မရှင်းရသေးပါဘူး။” ဟု ဗိုလ်မှူးကြီးခီယာတီဆတ်ကပြောသည်။

 

တိုက်ပွဲဖြစ်ပွားနေစဉ်သွင်းယူထားသည့် အသံဖိုင်တစ်ခုကို  (BRN) သူပုန်အဖွဲ့နှင့်နီးစပ်သည့်သတင်းရင်းမြစ် တစ်ခုက ဘာနာသတင်းဌာနသို့ပေးပို့ခဲ့ရာ ယင်းအသံဖိုင်တွင် သူပုန်များက “အလာဟူအက္ကဘာ” (ဘုရား သခင်သည် ကြီးမြတ်တော်မူသည်) ဟု မလေးရှားဘာသာဖြင့်အော်ဟစ်ပြောဆိုသံနှင့် ၎င်းတို့ ကျည်ဆန်ကုန် တော့မည်ဟု ပြောဆိုသံများကို ကြားနေရကြောင်း သိရသည်။

 

အရုဏ်မတက်ခင် ထိုင်းတပ်မတော်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးကျဆုံးသွားပြီးနောက် မနက်ပိုင်းအထိ ကြိုကြား ကြိုကြားပစ်ခတ်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးခီယာတီဆတ်ကပြောသည်။ နံနက် ၁၀ နာရီခန့်တွင် သူပုန်အဖွဲ့ များလက်နက်ချနိုင်ရေးအတွက် နှစ်သိမ့်ဖျောင်းဖြရန် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် သူပုန်အဖွဲ့ ၏ ဆွေမျိုးသားချင်းများပါဝင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို သူပုန်များထံသို့ စေလွှတ်ပေးခဲ့သော်လည်း အ ရာမထင်ခဲ့ကြောင်း ၎င်းကပြောသည်။

 

“အဲဒီနောက်တော့ ဆက်ပြီး တိုက်ခိုက်ကြတယ်။ သူပုန်ခြောက်ယောက် သေဆုံးသွားတယ်။ အေအေ ၄၇ တစ် လက်၊ အမ် ၁၆ နှစ်လက် ကျွန်တော်တို့ သိမ်းဆည်းရမိပြီး သူပုန် အရှင်တစ်ယောက်ဖမ်းမိခဲ့တယ်။” ဟု ဗိုလ်မှူး ကြီးခီယာတီဆတ်ကပြောသည်။

 

တနင်္ဂနွေနေ့ နံနက်ပိုင်းက နရာသီဝပ်ပြည်နယ်နှင့်ကပ်နေသည့် ယာလာပြည်နယ်ရှိ ခရိုင်တစ်ခုဖြစ်သော ဘန်း နောင်ဆာတာခရိုင်တွင် ခြေကျင်ကင်းလှည့်နေသော ထိုင်းစစ်သားများထဲမှ စစ်သည်နှစ်ဦး မိုင်းထိပြီး ဒဏ်ရာရ ရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ကြောင်း ဒဏ်ရာရရှိသူစစ်သည်နှစ်ဦးအနက်တစ်ဦးမှာစိုးရိမ်ရကြောင်းပြောသည်။

 

Ref: Thailand: Army Officer, Rebels Die In Firefight In Deep South

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Thailand: Army Officer, Rebels Die In Firefight In Deep South

 

#PeopleMedia


Share this post