• Follow Us on

Home ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲေရးေတာင္းဆိုသူမ်ားကို အာဏာပိုင္မ်ား႐ွာေဖြေနဟု ဆႏၵျပေက်ာင္း သားမ်ားကို ထိုင္း၀န္ႀကီးခ်ဳပ္သတိေပး

ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲေရးေတာင္းဆိုသူမ်ားကို အာဏာပိုင္မ်ား႐ွာေဖြေနဟု ဆႏၵျပေက်ာင္း သားမ်ားကို ထိုင္း၀န္ႀကီးခ်ဳပ္သတိေပး

Share this post

ဘန္ေကာက္၊ ၾသဂုတ္ ၁၄

တနလၤာေန႔က သမ္မာဆက္တကၠသိုလ္တြင္ ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ ေရးစုေ၀း ေတာင္းဆိုခဲ့ၾကသူမ်ားကို ေဖာ္ထုတ္ရန္ အာဏာပိုင္မ်ားက ႐ွာေဖြေနၾကသည္ဟု ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာကေျပာသည္။

တကၠသိုလ္တြင္စုေ၀းခဲ့သူမ်ားေျပာေသာမွတ္ခ်က္မ်ားတြင္ ထိုင္းရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၁၂ ကိုခ်ိဳး ေဖာက္ေနသည့္အခ်က္မ်ားပါ၀င္ေနေၾကာင္း အပတ္စဥ္အစိုးရအဖြဲ႔အစည္းအေ၀းအၿပီးတြင္ ပရာ႐ြတ္ကေျပာသည္။

ဆႏၵထုတ္ေဖာ္မႈမ်ားကို မည္သူေငြေၾကးေထာက္ပံ့ေၾကာင္းႏွင့္ ေနာက္ကြယ္တြင္မည္သူ႐ွိေနေၾကာင္း စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္မည္ဟုလည္းေျပာသည္။

ဗိုလ္ခ်ဳပ္ႀကီးပရာ႐ြတ္အစိုးရအဖြဲ႔ႏုတ္ထြက္ရန္၊ လႊတ္ေတာ္ဖ်က္သိမ္းရန္ႏွင့္ ဖြဲ႔စည္းပံုအေျခခံဥပေ ဒျပန္လည္ေရးဆြဲရန္ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ထိုင္းေက်ာင္းသားမ်ားလမ္းေပၚထြက္ ေတာင္းဆို ခဲ့ၾကၿပီး တနလၤာေန႔ကဆႏၵထုတ္ေဖာ္ရာတြင္ ထိုင္းႏိုင္ငံ၏အဆင့္ အျမင့္ဆံုးအဖြဲ႔အစည္းျဖစ္သည့္ ေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ရန္အပါအ၀င္ ေတာင္းဆိုမႈမ်ား ထပ္မံတိုးခ်ဲ႕သည္။

ထိုကဲ့သို႔ေသာလႈပ္႐ွားမႈမ်ားကို စံုစမ္းစစ္ေဆးျခင္းသည္ လုပ္ထံုးလုပ္နည္းျဖစ္ၿပီး သူ႔ထံမွအမိန္႔မလိုအပ္ဟု အာဏာပိုင္မ်ားကို ၀န္ႀကီးခ်ဳပ္က သတိေပးသည္။

ေက်ာင္းသားမ်ားကို ဖမ္းရန္ ရဲမ်ားေစလႊတ္ခဲ့ေၾကာင္း လူမႈကြန္ရက္တြင္ေျပာၾကသည္ဆိုသည့္အခ်က္ကိုလည္း ပရာ႐ြတ္က ပယ္ခ်ခဲ့ၿပီး အဆိုပါအေျပာမ်ားသည္ သက္ေသျပရန္ခက္ခဲသည္ဟုေျပာသည္။

သို႔ေသာ္ ဥပေဒခ်ိဳးေဖာက္သူမ်ားကို တရားဥပေဒအရအေရးယူရန္ အစိုးရကပ်က္ကြက္ခဲ့ပါက လူမ်ားစုက သည္းခံမည္မဟုတ္ဟု ပရာ႐ြတ္ကေျပာသည္။

အခ်က္အလက္မ်ားႏွင့္ကိုက္ညီရန္ႏွင့္ သူတို႔အျမင္မ်ားထုတ္ေျပာရာတြင္ အျပဳသေဘာေဆာင္ရန္ ဆႏၵျပေ က်ာင္းသားမ်ားကိုတိုက္တြန္းသည့္အျပင္ ဥပေဒႏွင့္အညီမေနရန္လႈံ႔ေဆာ္မႈမ်ားမျပဳလုပ္သင့္ ဟုလည္းေျပာသည္။

အစိုးရဆန္႔က်င္ေက်ာင္းသားမ်ားကိုေထာက္ခံခဲ့သည့္တတ္သိပညာ႐ွင္ ၁၀၅ ၏အျမင္မ်ားကိုလည္း သူက ပခံုးတြန္႔ခဲ့ၿပီး ၁၀၅ ေယာက္ဆိုသည္မွာ တတ္သိပညာ႐ွင္အ၀န္းအဝိုင္းတြင္ လူနည္းစုျဖစ္ေၾကာင္ း ေျပာသ ည့္အျပင္ သူတို႔ရပ္တည္ခ်က္ကို မအံၾသမိဟုလည္းေျပာသည္။

Ref : Students told to mind monarchy message

#PeopleMedia

(unicode)
ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲရေးတောင်းဆိုသူများကို အာဏာပိုင်များရှာဖွေနေဟု ဆန္ဒပြကျောင်း သားများကို ထိုင်းဝန်ကြီးချုပ်သတိပေး
……………………………………………………

ဘန်ကောက်၊ ဩဂုတ် ၁၄

တနင်္လာနေ့က သမ်မာဆက်တက္ကသိုလ်တွင် ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ် ရေးစုဝေး တောင်းဆိုခဲ့ကြသူများကို ဖော်ထုတ်ရန် အာဏာပိုင်များက ရှာဖွေနေကြသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကပြောသည်။

တက္ကသိုလ်တွင်စုဝေးခဲ့သူများပြောသောမှတ်ချက်များတွင် ထိုင်းရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၂ ကိုချိုး ဖောက်နေသည့်အချက်များပါဝင်နေကြောင်း အပတ်စဉ်အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ပရာရွတ်ကပြောသည်။

ဆန္ဒထုတ်ဖော်မှုများကို မည်သူငွေကြေးထောက်ပံ့ကြောင်းနှင့် နောက်ကွယ်တွင်မည်သူရှိနေကြောင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဟုလည်းပြောသည်။

ဗိုလ်ချုပ်ကြီးပရာရွတ်အစိုးရအဖွဲ့နုတ်ထွက်ရန်၊ လွှတ်တော်ဖျက်သိမ်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပ ေဒပြန်လည်ရေးဆွဲရန် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထိုင်းကျောင်းသားများလမ်းပေါ်ထွက် တောင်းဆို ခဲ့ကြပြီး တနင်္လာနေ့ကဆန္ဒထုတ်ဖော်ရာတွင် ထိုင်းနိုင်ငံ၏အဆင့် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် တော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အပါအဝင် တောင်းဆိုမှုများ ထပ်မံတိုးချဲ့သည်။

ထိုကဲ့သို့သောလှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးခြင်းသည် လုပ်ထုံးလုပ်နည်းဖြစ်ပြီး သူ့ထံမှအမိန့်မလိုအပ်ဟု အာဏာပိုင်များကို ဝန်ကြီးချုပ်က သတိပေးသည်။

ကျောင်းသားများကို ဖမ်းရန် ရဲများစေလွှတ်ခဲ့ကြောင်း လူမှုကွန်ရက်တွင်ပြောကြသည်ဆိုသည့်အချက်ကိုလည်း ပရာရွတ်က ပယ်ချခဲ့ပြီး အဆိုပါအပြောများသည် သက်သေပြရန်ခက်ခဲသည်ဟုပြောသည်။

သို့သော် ဥပဒေချိုးဖောက်သူများကို တရားဥပဒေအရအရေးယူရန် အစိုးရကပျက်ကွက်ခဲ့ပါက လူများစုက သည်းခံမည်မဟုတ်ဟု ပရာရွတ်ကပြောသည်။

အချက်အလက်များနှင့်ကိုက်ညီရန်နှင့် သူတို့အမြင်များထုတ်ပြောရာတွင် အပြုသဘောဆောင်ရန် ဆန္ဒပြ ေကျာင်းသားများကိုတိုက်တွန်းသည့်အပြင် ဥပဒေနှင့်အညီမနေရန်လှုံ့ဆော်မှုများမပြုလုပ်သင့် ဟုလည်းပြောသည်။

အစိုးရဆန့်ကျင်ကျောင်းသားများကိုထောက်ခံခဲ့သည့်တတ်သိပညာရှင် ၁၀၅ ၏အမြင်များကိုလည်း သူက ပခုံးတွန့်ခဲ့ပြီး ၁၀၅ ယောက်ဆိုသည်မှာ တတ်သိပညာရှင်အဝန်းအဝိုင်းတွင် လူနည်းစုဖြစ်ကြောင် း ပြောသ ည့်အပြင် သူတို့ရပ်တည်ချက်ကို မအံဩမိဟုလည်းပြောသည်။

Ref : Students told to mind monarchy message

#PeopleMedia


Share this post