• Follow Us on

Home ထိုင်းရောက်မြန်မာအမျိုးသမီးများ လိင်အကြမ်းဖက်မှု ထပ်မဖြစ်စေရန် မြန်မာဟက်ကာအဖွဲ့တစ်ခုက ထိုင်း အစိုးရဝက်ဆိုက်အချို့ကို တိုက်ခိုက်သတိပေးမှု ပြုလုပ်

ထိုင်းရောက်မြန်မာအမျိုးသမီးများ လိင်အကြမ်းဖက်မှု ထပ်မဖြစ်စေရန် မြန်မာဟက်ကာအဖွဲ့တစ်ခုက ထိုင်း အစိုးရဝက်ဆိုက်အချို့ကို တိုက်ခိုက်သတိပေးမှု ပြုလုပ်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ထိုင်းနိုင်ငံ၌ ရာဇဝတ်မူကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦးကို တာဝန်ကျရဲအရာရှိတစ်ဦး က လက်ထိပ်ခတ်၍ မုဒိန်းကျင့်သည့်ဖြစ်ရပ်အပေါ်လက်မခံနိုင်၍ Union of Underground Myanmar Hackers အဖွဲ့က ထိုင်းအစိုးရဝက်ဆိုက်အချို့ တိုက်ခိုက်သတိပေးမှု ပြုလုပ်ခဲ့သည်။

“ရာဇဝတ်မှုတစ်ခုကြောင့် ထိန်းသိမ်းခံနေရတဲ့ မြန်မာအမျိုးသမီးကို လက်ထိပ်ခတ်ပြီး တာဝန်ကျရဲဝန်ထမ်းက မုဒိန်းကျင့်တာဟာ လူ့အသိုင်းအဝိုင်းက ဘယ်လိုမှ နားလည်ပေးလို့မရတဲ့ပြစ်မှုပါ။ ရာဇဝတ်မှုကျူးလွန်ထားတဲ့ သူကို ဥပဒေအတိုင်း လူ့ဂုဏ်သိက္ခာကို မငြိုးနွမ်းစေပဲ တရားသဖြင့် အပြစ်ပေးတာကို ကျွန်တော်တို့ လက်ခံပါ တယ်။ ဒါပေမယ့် ဒီလိုမျိုး လိင်အကြမ်းဖက်ပြီး အနိုင်ကျင့်တာကို လက်ခံပေးလို့မရပါဘူး။ ဒီလိုလိင်အကြမ်း ဖက်မှုမျိုး ကျွန်တော်တို့နိုင်ငံသား အမျိုးသမီးတွေ အရင်က ဘယ်လောက်တောင်ခံခဲ့ရပြီလဲ။ နောက်ထပ်ရော ဒီလိုပဲ လိင်အကြမ်းဖက်ခံနေရဦးမှာလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေတွေက ကျွန်တော်တို့ကို တုန်လှုပ် စေပါတယ်။ ဒါမျိုးတွေထပ်ဖြစ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံသား ကျွန်တော်တို့ အစ်မတွေ ညီမတွေ တိုင်း တပါးမှာ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံနေရရင်တောင် ဥပဒေမဲ့လိင်အကြမ်းဖက်ခံနေရတာကို ကျွန်တော်တို့ လက်မခံနိုင်ပါ” လို့ မြန်မာဟက်ကာ(UGMH)အဖွဲ့က ရေးသားထားသည်။

အဆိုပါဖြစ်စဉ်များကြောင့် Cyber Attack လုပ်ရတာဖြစ်ပြီး ထိုင်နိုင်ငံသားတွေကို သူတို့နိုင်ငံမှာ ဒီလိုလူမ ဆန်တဲ့အကြမ်းဖက်မှုတွေ ခွဲခြားဆက်ဆံတာတွေရှိနေတယ်ဆိုတာသိအောင် သတင်းစကားတွေချန်ထားပြီး ထို့အတွက် Defacement လုပ်ခြင်းဖြစ်ကြောင်း မြန်မာဟက်ကာအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ “ကျွန်တော်တို့ UGMH ရဲ့ မူအတိုင်း Website တစ်ခုကို ဖျက်ဆီးမှာမဟုတ်ပါဘူး။ သတင်းစကား တွေပဲချန်ခဲ့တာဖြစ်လို့ အချိန်မရွေး Webadmin တွေက recover ပြန်လုပ်သွားနိုင်ပါတယ်။ တမင်သူတို့ ပြန်ပြီး recovery လုပ်လို့ရအောင်ထားပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့က စနစ်ကိုတိုက်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို တိုက်ခိုက်မှာမဟုတ်ပါဘူး “ လို့ ဆက်လက် ရေးသားထားသည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံရှိ ရဲစခန်းအချုပ်၌ အကျဉ်းကျမြန်မာအမျိုးသမီးကို ထိုင်းရဲအရာရှိက အဓမ္မပြုကျင့်ခဲ့ပြီး နောက် အဆိုပါရဲကို ထိုင်းတရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မပြုကျင့်ခဲ့သည့် ထိုင်းရဲအား ဥပဒေအတိုင်းထိရောက်စွာအရေးယူပေးရန် မြန်မာသံရုံးကလည်း ထိုင်းအစိုးရကို တောင်းဆိုထားသည်။

Photo – မြန်မာအမျိုးသမီးကို အဓမ္မပြုခဲ့သည့် ထိုင်းရဲအရာရှိ

#PeopleMedia #မြန်မာဟက်ကာ

(unicode)
………………………………………











Share this post