• Follow Us on
Latest News

Home ထိုင်းမြောက်ပိုင်းတွင် နယ်စပ်တရားမ၀င်ဖြတ်ကျော်လာသည့် တရုတ်နိုင်ငံသား ၄ ယောက်ကို ထိုင်းရဲဖမ်းဆီး


Share this post

မတ် ၂၃၊ တက်









(unicode)
ထိုင်းမြောက်ပိုင်းတွင် နယ်စပ်တရားမဝင်ဖြတ်ကျော်လာသည့် တရုတ်နိုင်ငံသား ၄ ယောက်ကို ထိုင်းရဲဖမ်းဆီး
……………………………………………………

မတ် ၂၃၊ တက်

မဲဆောက်ခရိုင်တွင် တရုတ်နိုင်ငံသား ၄ ယောက်ကို ဖမ်းမိခဲ့ပြီး တရားမဝင်ဝင်ရောက်မှုနှင့် COVID-19 ထိန်း ချုပ်မှုများကို ချိုးဖောက်မှုများဖြင့် တရားစွဲဆိုထားသည်။

တနင်္လာနေ့မနက်ပိုင်းတွင် ထိုင်းအစိုးရကင်းလှည့်အဖွဲ့က သူတို့ကိုဖမ်းမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကမိုရေးမြစ်ကိုဖြတ်ပြီး မဲဆောက်ခရိုင်မှ မဲတောင်မြို့ဆီ သင်္ဘောဖြင့်သွားနေချိန် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သူတို့နာမည်များကို အစီရင်ခံထားခြင်းမရှိပေ။

နယ်စပ်ခရိုင်များမှဂိတ်များတွင် နိုင်ငံအားလုံးမှလူများနှင့် ယာဉ်များဖြတ်သန်းခွင့်ပိတ်ပြီး ကုန်တင်ကားများနှင့် ဝန်ထမ်းများကိုသာ ဝင်ခွင့်ပြုခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရန်ကြိုးစားပြီးနောက် ယခုဖမ်းဆီးမှု ဖြစ်လာသည်။

သူတို့ကိုဥပဒေအရအရေးယူဆောင်ရွက်ရန် မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးထားသည်။

တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများကို ကာကွယ်ရန် ထိုင်း-မြန်မာနယ်စပ်မှအမ်ဖန်ခရိုင်တွင် ယနေ့မနက်ပိုင်း မှစပြီး စစ်ဘက်၊ အရပ်ဘက်ပူးပေါင်းကင်းလှည့်နေသည်။

Ref: Chinese border-hoppers caught in North

#PeopleMedia #ChineseBorderHoppers #MaeSot


Share this post