• Follow Us on

Home ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ COVID-19 ေရာဂါကူးစက္ခံခဲ့ရ

ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ COVID-19 ေရာဂါကူးစက္ခံခဲ့ရ

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၃

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ ၂ ပတ္ၾကာေဆး႐ံုတက္ကုသခဲ့ရသည္ဟု ထိုင္းႏိုင္ငံမွထြက္ေျပးခဲ့သည့္ ၀န္ႀကီးခ်ဳပ္ေဟာင္း သက္႐ွင္ ႐ွင္နာ၀ပ္ထရာက ေျပာသည္။

အသက္ ၇၁ ႏွစ္႐ွိေနၿပီး အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)မွဒူဘိုင္းတြင္ အေျခခ်ေနထိုင္ သည့္ကုေဋႂကြယ္သူေဌး သက္ဆင္က ၾသဂုတ္လကုန္ပိုင္းတြင္ ကူးစက္ခံခဲ့ရေၾကာင္း ေသာၾကာေန႔တြင္ ဘန္ေကာက္ၿမိဳ႕႐ွိ ႐ွင္နာ၀ပ္ထရာမိသားစု၏တရား၀င္မဟုတ္ေသာေျပာခြင့္ရသူတစ္ေယာက္ကေျပာသည္။

ႏွာေခ်ျခင္းႏွင့္အနည္းငယ္ဖ်ားျခင္းကဲ့သို႔ ေရာဂါလကၡဏာအေပ်ာ့စားမ်ား႐ွိေနၿပီး ခရီးသြားရန္႐ွိသျဖင့္ က်န္းမာေရးစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာခြင့္ရသူ ၀င္ရန္၀တ္တာနာခ်င္ဒါကေျပာသည္။

သူကူးစက္ခံရၿပီးေနာ္က သူ႔ညီမမ်ားျဖစ္ေသာ ယင္လပ္ႏွင့္ ေယာင္၀ါပါတို႔ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ ခံခဲ့ၿပီး စစ္ေဆးမႈခံယူခဲ့ရာ ကူးစက္မႈမ႐ွိေၾကာင္းအေျဖထြက္လာသည္ဟု သက္ဆင္ကေျပာသည္။

လူအမ်ားၾကားသြားပါက ႏွာေခါင္းစည္းတပ္ထားေသာ္လည္း စားေသာက္တန္းတစ္ခုသို႔သြားခဲ့ၿပီးေနာက္ လက္ေဆးရန္ေမ့ခဲ့ခ်ိန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရျခင္းျဖစ္ႏိုင္ေၾကာင္းလည္း ေျပာသည္။

Ref : Fugitive former Thai leader Thaksin says he had COVID-19

#Peoplemedia

(Unicode)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် COVID-19 ရောဂါကူးစက်ခံခဲ့ရ
…………………………………………

ဘန်ကောက်၊ အောက်တိုဘာ ၃

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၂ ပတ်ကြာဆေးရုံတက်ကုသခဲ့ရသည်ဟု ထိုင်းနိုင်ငံမှထွက်ပြေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နာဝပ်ထရာက ပြောသည်။

အသက် ၇၁ နှစ်ရှိနေပြီး အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)မှဒူဘိုင်းတွင် အခြေချနေထိုင် သည့်ကုဋေကြွယ်သူဌေး သက်ဆင်က သြဂုတ်လကုန်ပိုင်းတွင် ကူးစက်ခံခဲ့ရကြောင်း သောကြာနေ့တွင် ဘန်ကောက်မြို့ရှိ ရှင်နာဝပ်ထရာမိသားစု၏တရားဝင်မဟုတ်သောပြောခွင့်ရသူတစ်ယောက်ကပြောသည်။

နှာချေခြင်းနှင့်အနည်းငယ်ဖျားခြင်းကဲ့သို့ ရောဂါလက္ခဏာအပျော့စားများရှိနေပြီး ခရီးသွားရန်ရှိသဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြောခွင့်ရသူ ဝင်ရန်ဝတ်တာနာချင်ဒါကပြောသည်။

သူကူးစက်ခံရပြီးနော်က သူ့ညီမများဖြစ်သော ယင်လပ်နှင့် ယောင်ဝါပါတို့ အသွားအလာကန့်သတ်စောင့်ကြည့် ခံခဲ့ပြီး စစ်ဆေးမှုခံယူခဲ့ရာ ကူးစက်မှုမရှိကြောင်းအဖြေထွက်လာသည်ဟု သက်ဆင်ကပြောသည်။

လူအများကြားသွားပါက နှာခေါင်းစည်းတပ်ထားသော်လည်း စားသောက်တန်းတစ်ခုသို့သွားခဲ့ပြီးနောက် လက်ဆေးရန်မေ့ခဲ့ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်းလည်း ပြောသည်။

Ref : Fugitive former Thai leader Thaksin says he had COVID-19

#Peoplemedia


Share this post