• Follow Us on
Latest News

Home ထိုင္း၊ မေလးရွားႏိုင္ငံမွ ျပည္ေတာ္ျပန္မ်ားကို အိုးအိမ္ပိုင္ဆိုင္သည့္ အေဆာက္အဦးတြင္ထားရွိရန္ မေကြးတိုင္း အစိုးရအဖြဲ႕စီစဥ္၊ အဆိုပါစီစဥ္မႈကို ၀န္ထမ္းအခ်ဳိ႕ က်န္းမာေရးအရ စိုးရိမ္

ထိုင္း၊ မေလးရွားႏိုင္ငံမွ ျပည္ေတာ္ျပန္မ်ားကို အိုးအိမ္ပိုင္ဆိုင္သည့္ အေဆာက္အဦးတြင္ထားရွိရန္ မေကြးတိုင္း အစိုးရအဖြဲ႕စီစဥ္၊ အဆိုပါစီစဥ္မႈကို ၀န္ထမ္းအခ်ဳိ႕ က်န္းမာေရးအရ စိုးရိမ္

Share this post

ရန္ကုန္၊ မတ္ – ၂၄

ထိုင္း၊ မေလးရွားႏိုင္ငံမွ ျပည္ေတာ္ျပန္မ်ားကို အိုးအိမ္ပိုင္ဆိုင္သည့္ အေဆာက္အဦးတြင္ထားရွိရန္ မေကြးတိုင္း အစိုးရအဖြဲ႕ စီစဥ္ေနၿပီး အဆိုပါစီစဥ္မႈကို ၀န္ထမ္းအခ်ဳိ႕မွ လက္မခံေၾကာင္း သိရွိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ သက္ဆိုင္ရာ၀န္ႀကီးမွ ျပန္လည္၀င္ေရာက္လာသူမ်ားအား အိုးအိမ္မွ ပိုင္ဆိုင္ သည့္ အေဆာက္အဦးတစ္ခုတြင္ ထားရွိရန္ စီစဥ္လ်က္ရွိေၾကာင္း ၎မွေျပာသည္။

အလားတူ ျပန္လည္၀င္ေရာက္လာသူမ်ားအား ယခင္က ဓမၼာ႐ံုႏွင့္ တရားစခန္းမ်ားတြင္ထားရွိရန္ စီစဥ္ထားၿပီး ယခုအခ်ိန္တြင္ ယင္းအေဆာက္အဦးတြင္ ထားရွိမည္ျဖစ္ေၾကာင္း People Media သို႔ေျပာသည္။

အဆိုပါအေဆာက္အဦးသည္ လက္ရွိေနထိုင္လ်က္ရွိသည့္ ၀န္ထမ္းအိမ္ရာမ်ားႏွင့္ နီးကပ္ေနတာေၾကာင့္ ေန ထိုင္သူမ်ားမွာ စိုးရိမ္လ်က္ရွိၿပီး ထိုကဲ့သို႔စီစဥ္ထားရွိမႈအား ေနထိုင္သူမ်ားမွ က်န္းမာေရးအရ စိုးရိမ္ထိတ္လန္႔ လ်က္ရွိေၾကာင္း ယင္းေနရာတြင္ ေနထိုင္သူတစ္ဦးမွ ေျပာသည္။

Covid-19 အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေၾကာင့္ ထိုင္းႏွင့္ မေလးရွားႏိုင္ငံတို႔မွ ေရႊ႕ေျပာင္းလုပ္သမား မ်ား ျမန္မာႏိုင္ငံသို႔ ျပန္လည္၀င္ေရာက္လာမႈ မ်ားျပားလ်က္ရွိသည္။

#PeopleMedia

(Unicode)
ထိုင်း၊ မလေးရှားနိုင်ငံမှ ပြည်တော်ပြန်များကို အိုးအိမ်ပိုင်ဆိုင်သည့် အဆောက်အဦးတွင်ထားရှိရန် မကွေးတိုင်း အစိုးရအဖွဲ့စီစဉ်၊ အဆိုပါစီစဉ်မှုကို ဝန်ထမ်းအချို့ ကျန်းမာရေးအရ စိုးရိမ် ……………………………………………………………………

ရန်ကုန်၊ မတ် – ၂၄

ထိုင်း၊ မလေးရှားနိုင်ငံမှ ပြည်တော်ပြန်များကို အိုးအိမ်ပိုင်ဆိုင်သည့် အဆောက်အဦးတွင်ထားရှိရန် မကွေးတိုင်း အစိုးရအဖွဲ့ စီစဉ်နေပြီး အဆိုပါစီစဉ်မှုကို ဝန်ထမ်းအချို့မှ လက်မခံကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးမှ ပြန်လည်ဝင်ရောက်လာသူများအား အိုးအိမ်မှ ပိုင်ဆိုင် သည့် အဆောက်အဦးတစ်ခုတွင် ထားရှိရန် စီစဉ်လျက်ရှိကြောင်း ၎င်းမှပြောသည်။

အလားတူ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က ဓမ္မာရုံနှင့် တရားစခန်းများတွင်ထားရှိရန် စီစဉ်ထားပြီး ယခုအချိန်တွင် ယင်းအဆောက်အဦးတွင် ထားရှိမည်ဖြစ်ကြောင်း People Media သို့ပြောသည်။

အဆိုပါအဆောက်အဦးသည် လက်ရှိနေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများနှင့် နီးကပ်နေတာကြောင့် နေ ထိုင်သူများမှာ စိုးရိမ်လျက်ရှိပြီး ထိုကဲ့သို့စီစဉ်ထားရှိမှုအား နေထိုင်သူများမှ ကျန်းမာရေးအရ စိုးရိမ်ထိတ်လန့် လျက်ရှိကြောင်း ယင်းနေရာတွင် နေထိုင်သူတစ်ဦးမှ ပြောသည်။

Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သမား များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမှု များပြားလျက်ရှိသည်။

#PeopleMedia


Share this post