• Follow Us on

Home ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ မြန်မာအလုပ်သမား သုံးသောင်းကျော်ရှိ

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ မြန်မာအလုပ်သမား သုံးသောင်းကျော်ရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄ (People Media)

 

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသည့် ထိုင်းနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း စတင်ဖြစ်ပွား သည့် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသည့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော် အထိရှိကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။

 

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၃ လအတွင်း မြန်မာအလုပ်သမား ၅ သောင်းကျော်အား ကိုဗစ် ရောဂါပိုးရှိမရှိကို စစ်ဆေးပေးခဲ့ပြီး အထက်ပါအရေအတွက်အနက် ၃ သောင်းကျော်တွင် ရောဂါပိုးတွေ့ရှိထား တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားအများစုရှိသည့်အနက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် အများဆုံးပိုးကူးစက်ခံရတာဖြစ်ပြီး မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား နည်းတူ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၈၆၂၅၊ လာအိုနိုင်ငံသား ၂၈၈၄ ယောက်တွင် ရောဂါပိုးတွေ့ရှိထားကြောင်း သိရပါတယ်။

 

၎င်းအပြင် ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ပိတ်သိမ်းလိုက်သော ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပြီး ယင်းသို့ စစ်ဆေးမှုတွင် မြန်မာအလုပ်သမား တစ်ထောင် ကျော်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ယင်းအနက် မျိုးစိတ်အသစ်တစ်ခုဖြစ်သည့် Alpha နှင့် Delta ပေါင်း စပ်မှုမျိုးစိတ်များကိုပါတွေ့ရှိကြောင်း ထိုင်းနိုင်ငံသတင်းများတွင် ဖော်ပြလျက်ရှိသည်။

 

#PeopleMedia #Thai #Covid-19

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia #Thai #Covid-19


Share this post