• Follow Us on

Home ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမဝတီဂိတ္ ေန႔/ည ဖြင့္၍ ျမန္မာအစိုးရ ျပန္လက္ခံမည္

ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမဝတီဂိတ္ ေန႔/ည ဖြင့္၍ ျမန္မာအစိုးရ ျပန္လက္ခံမည္

Share this post

ရန္ကုန္၊ မတ္ – ၂၂

ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမဝတီဂိတ္ ေန႔/ညဖြင့္၍ ျပန္လည္လက္ခံရန္ စီစဉ္ထားေၾကာင္း ျမဝတီခ႐ိုင္ ေထြ/အုပ္ အဆင့္ျမင့္ အရာရွိက ေျပာပါတယ္။

ျပည္ေထာင္စုအစိုးရ၏ ၫႊန္ၾကားခ်က္အရ ခ်စ္ၾကည္ေရးအမွတ္(၂)တံတားကို ေန႔/ည ဂိတ္ဖြင့္၍ ျမန္မာႏိုင္ငံသားမ်ားကို ျပန္လက္ခံရန္ စီစဉ္ထားၿပီးျဖစ္ေၾကာင္း ျမဝတီခ႐ိုင္ေထြ/အုပ္႐ုံး အဆင့္ျမင့္ အရာရွိက အတည္ျပဳ႕ေျပာဆိုလိုက္တာပါ။

ထိုင္းႏိုင္ငံ၌ သြားေရာက္အလုပ္လုပ္ကိုင္သည့္ ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသားမ်ားသည္ မတ္(၂၂)ရက္၌ ျမဝတီၿမိဳ႕ရွိ ထိုင္း-ျမန္မာခ်စ္ၾကည္ေရးဂိတ္သို႔ အလုံးအရင္းျဖင့္ ျပန္လည္ဝင္ေရာက္လာျခင္းေၾကာင့္ ႏွစ္ႏိုင္ငံအစိုးရမွ ညႇိႏႈိင္းၿပီး ဂိတ္ဖြင့္ျခင္းျဖစ္ေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕က အတည္ျပဳ႕ေျပာဆိုပါတယ္။

လက္ရွိအခ်ိန္၌ ထိုင္းမွျမန္မာသို႔ ျပန္ဝင္ေရာက္လာသူမ်ားကို ျမန္မာအစိုးရမွ ထိေရာက္စြာ က်န္းမာေရး ေစာင့္ေရွာက္ေပးျခင္း၊စစ္ေဆးေပးျခင္းမရွိေၾကာင္း ျမဝတီဂိတ္၌ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားတစ္ဦးက ေျပာပါတယ္။

photo – credit

#PeopleMedia #ထိုင္း #ျမန္မာ

[Unicode]
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို မြဝတီဂိတ် နေ့/ည ဖွင့်၍ မြန်မာအစိုးရ ပြန်လက်ခံမည်
……………………………………………………………………………………….

ရန်ကုန်၊မတ်-၂၂

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို မြဝတီဂိတ် နေ့/ညဖွင့်၍ ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း မြဝတီခရိုင် ထွေ/အုပ် အဆင့်မြင့် အရာရှိက ပြောပါတယ်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ ချစ်ကြည်ရေးအမှတ်(၂)တံတားကို နေ့/ည ဂိတ်ဖွင့်၍ မြန်မာနိုင်ငံသားများကို ပြန်လက်ခံရန် စီစဉ်ထားပြီးဖြစ်ကြောင်း မြဝတီခရိုင်ထွေ/အုပ်ရုံး အဆင့်မြင့် အရာရှိက အတည်ပြု့ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများသည် မတ်(၂၂)ရက်၌ မြဝတီမြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးဂိတ်သို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခြင်းကြောင့် နှစ်နိုင်ငံအစိုးရမှ ညှိနှိုင်းပြီး ဂိတ်ဖွင့်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု့ပြောဆိုပါတယ်။

လက်ရှိအချိန်၌ ထိုင်းမှမြန်မာသို့ ပြန်ဝင်ရောက်လာသူများကို မြန်မာအစိုးရမှ ထိရောက်စွာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊စစ်ဆေးပေးခြင်းမရှိကြောင်း မြဝတီဂိတ်၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

photo – credit

#PeopleMedia #ထိုင်း #မြန်မာ


Share this post