• Follow Us on

Home ထိုင်းနိုင်ငံအတွက် ရေငုပ်သင်္ဘောအဟောင်းနှစ်စီး လက်ဆောင်ပေးရန် တရုတ်ကမ်းလှမ်းထား

ထိုင်းနိုင်ငံအတွက် ရေငုပ်သင်္ဘောအဟောင်းနှစ်စီး လက်ဆောင်ပေးရန် တရုတ်ကမ်းလှမ်းထား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (People Media)

 

ထိုင်းနိုင်ငံအတွက် စစ်ရေးအကူအညီပေးသည့်အနေဖြင့် ရေငုပ်သင်္ဘောအဟောင်းနှစ်စီးကို လက်ဆောင်ပေး ရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

 

၂၀၁၇ ခုနှစ်တွင် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက တရုတ်သင်္ဘောထုတ်လုပ်ရေးစက်မှုလုပ်ငန်းကို အပ်နှံခဲ့ သည့် S26T ရေငုပ်သင်္ဘောအသစ်စက်စက်ကို မပို့ပေးမီ ထိုင်းတော်ဝင်ရေတပ် ရေငုပ်သင်္ဘောစစ်ဆင်ရေးတွင် လေ့ကျင့်ရန်နှင့် အတွေ့အကြုံရယူနိုင်ရန်အတွက် တစ်ပတ်ရစ်ရေငုပ်သင်္ဘောနှစ်စီးကို လက်ဆောင်ပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

 

မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားကို ကမ်းလှမ်းထားကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း Type 035B မင်အဆင့်အတန်းရေငုပ်သင်္ဘော သို့မဟုတ် Type 039 ဆုန်းအဆင့်အတန်းရေငုပ်သင်္ဘော နှစ်မျိုးအနက် တစ်မျိုးဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပြီး အဆိုပါ ရေငုပ်သင်္ဘောနှစ်မျိုးစလုံးမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

 

Type 039 ဆုန်းအဆင့်အတန်းရေငုပ်သင်္ဘောဒီဇိုင်းမှဆင်းသက်လာသည့်  S26T ရေငုပ်သင်္ဘောဒီဇိုင်းကို   တော်ဝင်ထိုင်းရေတပ်၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပြန်လည်ပြုပြင်ထားသည်။

 

အတည်မပြုနိုင်သောအကြောင်းပြချက်များအရ တော်ဝင်ထိုင်းရေတပ်အတွက် S26T ရေငုပ်သင်္ဘောပို့ဆောင် မည့်ကိစ္စမှာ ကြန့်ကြာဦးမည်ဖြစ်ကြောင်းသိရသည်။

 

ရေငုပ်သင်္ဘောများပိုင်ဆိုင်ထားခြင်းသည် ရေငုပ်သင်္ဘောများတွင်တာဝန်ထမ်းဆောင်မည့်အရာရှိ/ စစ်သည်များ အတွက် ပို့ချမည့်သင်တန်းများကို အရှိန်အဟုန်မြင့်စေသောကြောင့် တော်ဝင်ထိုင်းရေတပ်အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများအနေဖြင့် ၎င်းတို့အတွက်ရောက်ရှိလာမည့် ပထမဦးဆုံးရေငုပ် သ င်္ဘောအတွက် လိုအပ်သည်များပြင်ဆင်လျက်ရှိသည်။

 

S26T ရေငုပ်သင်္ဘောသည် ၂၀၂၇ ခုနှစ်ဝန်းကျင်လောက်တွင် ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားကြသည်။ တော်ဝင်ထိုင်းရေတပ်သည် ဒုတိယမြောက် S26T ရေငုပ်သင်္ဘောမှာယူရန် ၂၀၂၀ ပြည့်နှစ်တွင် စီစဉ်ခဲ့သော် လည်း နိုင်ငံတွင်း COVID-19 အသုံးစရိတ်များပြားနေမှုကြောင့် ရန်ပုံငွေအခက်အခဲရှိနေသဖြင့် အမှာစာကို ခေတ္တဆိုင်းငံ့ထားခဲ့ရသည်။

 

Ref: Thailand expected to receive 2 used submarines as donation from China

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Thailand expected to receive 2 used submarines as donation from China

 

#PeopleMedia


Share this post