• Follow Us on

Home ထိုင်းနိုင်ငံ၊ ချိုင်ယာဖွန်ပြည်နယ်တွင် အရက်မူးနေသော ဘုန်းကြီးတစ်ပါးအား ရဲတပ်ဖွဲ့ဝင်များ တွေ့ရှိ

ထိုင်းနိုင်ငံ၊ ချိုင်ယာဖွန်ပြည်နယ်တွင် အရက်မူးနေသော ဘုန်းကြီးတစ်ပါးအား ရဲတပ်ဖွဲ့ဝင်များ တွေ့ရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ထိုင်းနိုင်ငံ၊ ချိုင်ယာဖွန်ပြည်နယ်တွင် ကားတစ်စီးအတွင်း၌ ဘုန်းကြီးတစ်ပါး အရက်မူးပြီး ကားစတီရာယင်ကိုမှီ ၍ အိပ်ပျော်နေသည်ကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၈ ရက်နေ့ကတွေ့ရှိခဲ့သည်။

 

အဆိုပါဘုန်းကြီးကို အနီးနားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သိက္ခာချပြီး သင်္ကန်းမချွတ်မီ အရက်အမူး ပြေအောင် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့သည်။

 

မကြာမီ လူဝတ်လဲခံရတော့မည့် အဆိုပါဘုန်းကြီးက ၎င်းအနေဖြင့် ခုန်ခန်းမြို့က လာရောက်ခဲ့ခြင်းဖြစ်ပြီး အရက်သောက်သုံးခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ဝင်များကို ပြောဆိုခဲ့သော်လည်း ၎င်းအနေဖြင့် အရက်မူးနေသည့် အပြင် ၎င်းအနီးတွင် အရက်ပုလင်းတစ်လုံးတွေ့ရှိရကြောင်း သိရသည်။

 

ဗုဒ္ဓဘုရားရှင်က သေရည်သေရက်မသောက်သုံးရန် ကျင့်ဝတ်သီလ ချမှတ်ထားပြီးဖြစ်သဖြင့် ဗုဒ္ဓဘာသာဘုန်း   ကြီးများအနေဖြင့် အရက်သောက်သုံးခွင့်မရှိပေ။

 

Ref: The ‘Wheel’ of Dhamma or A Shortcut to Nirvana!

 

#PeopleMedia #International

 

(unicode)


…………………………………………………………..

 


 


 


 


 


 

Ref: The ‘Wheel’ of Dhamma or A Shortcut to Nirvana!

 

#PeopleMedia #International


Share this post