• Follow Us on

Home ထိုင္းႏိုင္ငံ၌ ရက္ ၁၀၀ ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈမရွိ

ထိုင္းႏိုင္ငံ၌ ရက္ ၁၀၀ ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈမရွိ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၂

ထိုင္းႏိုင္ငံက ရက္ ၁၀၀ ဆက္တိုက္ ကိုဗစ္-၁၉ ေရာဂါ ျပည္တြင္းကူးစက္မႈမရွိေၾကာင္း ထုတ္ျပန္ခဲ့ရာ ဗိုင္းရပ္စ္ကူးစက္မႈ ကင္းစင္သေလာက္ျဖစ္ေနသည့္ နယူးဇီလန္ကဲ့သို႔ေသာ ႏိုင္ငံမ်ားစာရင္း ဝင္လာခဲ့ၿပီျဖစ္သည္။

ထိုင္းႏိုင္ငံ၌ ေမလ ၂၆ ရက္ေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ ျပည္တြင္းကူးစက္မႈမရွိေၾကာင္း ယေန႔ထုတ္ျပန္ သည့္ က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ထိုင္းအာဏာပိုင္မ်ားက နယ္စပ္ေဒသမ်ားရွိ ကမၻာလွည့္ခရီးသြားေနရာမ်ားသို႔ ေရာက္ရွိလာေသာ ခရီး သြားမ်ားၾကား ဗိုင္းရပ္စ္ကူးစက္မႈမ်ား ရွာေဖြေနဆဲျဖစ္ေသာ္လည္း အဆိုပါပုဂၢိဳလ္မ်ားကို သီးျခားခြဲထားကာ ေရာ ဂါကင္းစင္းၿပီးလ်င္ လူ့အသိုင္းအဝိုင္းၾကား ျပန္လည္သြားေရာက္ခြင့္ျပဳသည္။

တ႐ုတ္တိုင္ေပႏွင့္ နယူးဇီလန္ကဲ့သို႔ ရက္ ၁၀၀ ဆက္တိုက္ ျပည္တြင္းကူးစက္မႈမရွိသည့္ ႏိုင္ငံတစ္ခု ထပ္ မံရွိလာခဲ့ၿပီျဖစ္သည္။ ထိုင္းႏိုင္ငံ၏ ေအာင္ျမင္မႈက လေပါင္းမ်ားစြာၾကာ ႏိုင္ငံျခားသားမ်ားကို ဝင္ေရာက္ခြင့္ပိတ္ ထားခဲ့သည့္ တင္းက်ပ္ေသာ နယ္စပ္ဆိုင္ရာကန္႔သတ္ခ်က္မ်ားအေပၚ အားထားခဲ့သည္။

တင္းက်ပ္ေသာ ကန္႔သတ္ခ်က္မ်ားေၾကာင့္ လွပေသာကမ္းေျခမ်ား၊ ယဉ္ေက်းမႈနယ္ေျမမ်ားရွိရာ ကမၻာ ေပၚတြင္ ခရီးသြားလုပ္ငန္းအေပၚ မွီခိုအားထားမႈအရွိဆုံး တိုင္းျပည္မ်ားအနက္ တစ္ခုျဖစ္သည့္ ထိုင္းႏိုင္ငံအတြက္ ႀကီးမားေသာထိခိုက္မႈ ရွိခဲ့သည္။

ဗိုင္းရပ္စ္ကပ္ေရာဂါ မျဖစ္ပြားမီက ႏိုင္ငံ့ဂ်ီဒီပီ၏ ၂၀ ရာခိုင္ႏႈန္းရွိေသာ ခရီးသြားလုပ္ငန္းက႑ ကယ္တင္ ရန္ နယ္စပ္ဂိတ္မ်ားဖြင့္လွစ္ေရး စီးပြားေရးလုပ္ငန္းမ်ားက ဖိအားေပးမႈအခ်ိဳ႕ ရွိခဲ့သည္။

ထိုင္းအစိုးရက ေဆာင္းရာသီမေရာက္မီ ကမၻာလွည့္ခရီးသြားမ်ား ျပန္လည္လာေရာက္ခြင့္ျပဳရန္ မူအား ျဖင့္ သေဘာတူခဲ့ေသာ္လည္း ေဘးအႏၲရာယ္ကင္းေရးႏွင့္ပတ္သက္၍ မည္သို႔ေဆာင္ရြက္မည္ဆိုသည္ကို အေသး စိတ္ ထုတ္ျပန္ျခင္းမရွိေသးေပ။

“ကြၽန္ေတာ္တို႔ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ခဲ့ပါတယ္။ အခုခ်ိန္မွာ စီးပြားေရးအေပၚ အေလးထားရမယ့္အခ်ိန္ ေရာက္လာပါၿပီ။ နယ္စပ္ဂိတ္ေတြကို ၾကာၾကာပိတ္ေလ ထိခိုက္နစ္နာမႈမ်ားေလျဖစ္ပါတယ္” ဟု ဗန္ေကာက္ၿမိဳ႕ရွိ အယုဒၶယဘဏ္မွ စီးပြာေရးပညာရွင္ ဆြမ္ပရာဝင္မန္ပရာဆတ္က ေျပာသည္။

ကိုးကား – စထရိတ္တိုင္းမ္

Ref; Thailand marks 100 days without any local coronavirus cases

(unicode)
ထိုင်းနိုင်ငံ၌ ရက် ၁၀၀ ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိ
…………………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၂

ထိုင်းနိုင်ငံက ရက် ၁၀၀ ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုမရှိကြောင်း ထုတ်ပြန်ခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှု ကင်းစင်သလောက်ဖြစ်နေသည့် နယူးဇီလန်ကဲ့သို့သော နိုင်ငံများစာရင်း ဝင်လာခဲ့ပြီဖြစ်သည်။

ထိုင်းနိုင်ငံ၌ မေလ ၂၆ ရက်နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုမရှိကြောင်း ယနေ့ထုတ်ပြန် သည့် ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်ဒေသများရှိ ကမ္ဘာလှည့်ခရီးသွားနေရာများသို့ ရောက်ရှိလာသော ခရီး သွားများကြား ဗိုင်းရပ်စ်ကူးစက်မှုများ ရှာဖွေနေဆဲဖြစ်သော်လည်း အဆိုပါပုဂ္ဂိုလ်များကို သီးခြားခွဲထားကာ ရော ဂါကင်းစင်းပြီးလျင် လူ့အသိုင်းအဝိုင်းကြား ပြန်လည်သွားရောက်ခွင့်ပြုသည်။

တရုတ်တိုင်ပေနှင့် နယူးဇီလန်ကဲ့သို့ ရက် ၁၀၀ ဆက်တိုက် ပြည်တွင်းကူးစက်မှုမရှိသည့် နိုင်ငံတစ်ခု ထပ် မံရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းနိုင်ငံ၏ အောင်မြင်မှုက လပေါင်းများစွာကြာ နိုင်ငံခြားသားများကို ဝင်ရောက်ခွင့်ပိတ် ထားခဲ့သည့် တင်းကျပ်သော နယ်စပ်ဆိုင်ရာကန့်သတ်ချက်များအပေါ် အားထားခဲ့သည်။

တင်းကျပ်သော ကန့်သတ်ချက်များကြောင့် လှပသောကမ်းခြေများ၊ ယဉ်ကျေးမှုနယ်မြေများရှိရာ ကမ္ဘာ ပေါ်တွင် ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားမှုအရှိဆုံး တိုင်းပြည်များအနက် တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံအတွက် ကြီးမားသောထိခိုက်မှု ရှိခဲ့သည်။

ဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ်ပွားမီက နိုင်ငံ့ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းရှိသော ခရီးသွားလုပ်ငန်းကဏ္ဍ ကယ်တင် ရန် နယ်စပ်ဂိတ်များဖွင့်လှစ်ရေး စီးပွားရေးလုပ်ငန်းများက ဖိအားပေးမှုအချို့ ရှိခဲ့သည်။

ထိုင်းအစိုးရက ဆောင်းရာသီမရောက်မီ ကမ္ဘာလှည့်ခရီးသွားများ ပြန်လည်လာရောက်ခွင့်ပြုရန် မူအား ဖြင့် သဘောတူခဲ့သော်လည်း ဘေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို အသေး စိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

“ကျွန်တော်တို့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ခဲ့ပါတယ်။ အခုချိန်မှာ စီးပွားရေးအပေါ် အလေးထားရမယ့်အချိန် ရောက်လာပါပြီ။ နယ်စပ်ဂိတ်တွေကို ကြာကြာပိတ်လေ ထိခိုက်နစ်နာမှုများလေဖြစ်ပါတယ်” ဟု ဗန်ကောက်မြို့ရှိ အယုဒ္ဓယဘဏ်မှ စီးပွာရေးပညာရှင် ဆွမ်ပရာဝင်မန်ပရာဆတ်က ပြောသည်။

ကိုးကား – စထရိတ်တိုင်းမ်

Ref; Thailand marks 100 days without any local coronavirus cases


Share this post