• Follow Us on

Home ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်သော မြန်မာနိုင်ငံသားများအား မေ (၁၅) ရက်ထိ ဆက်လက် နေထိုင်ခွင့်ပြုမည်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်သော မြန်မာနိုင်ငံသားများအား မေ (၁၅) ရက်ထိ ဆက်လက် နေထိုင်ခွင့်ပြုမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

ထိုင်း-မြန်မာနှစ်နိုင်ငံ တာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆွေးနွေးလျက်ရှိရာ ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူများ (PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ)နှင့်ပတ်သက်၍ အတည် ပြုခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

 

ထိုသို့ အတည်ပြုခဲ့ရာတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့အထိ ဆက်လက်နေထိုင်ခွင့်ပြုခြင်း၊ အလုပ်လုပ် ကိုင်ခွင့် အသစ်ရရှိရန် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်၍ လျှောက်ထားခြင်းနှင့် ၂၀၂၃ ခုနှစ် မေလ ၁၅ရက်နေ့အထိ လျှောက်ထားနိုင်ခြင်း၊ သတ်မှတ်ချက် ပြည့်စုံသူများကို အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် သို့မဟုတ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့အထိ ခွင့်ပြုပေးနိုင်ခြင်းနှင့် CI စခန်း (၄)ခု၏ သက်တမ်းအား ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးခြင်း စသည် အချက်တို့ကို သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

 

သို့ဖြစ်ပါ၍ မြန်မာသံရုံး (ဗန်ကောက်မြို့)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)တို့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post