• Follow Us on

Home ထိုင်းနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန် ပထမဆုံး အစုလိုက်အပြုံလိုက်ကူးစက်ခံရမှု တွေ့ရှိ

ထိုင်းနိုင်ငံ၌ COVID-19 ဗီဇပြောင်း အိုမီခရွန် ပထမဆုံး အစုလိုက်အပြုံလိုက်ကူးစက်ခံရမှု တွေ့ရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆ (People Media)

 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Kalasin ပြည်နယ်တွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ပထမဆုံးအစု လိုက်အပြုံလိုက် ကူးစက်ခံရမှုအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

 

Kalasin အစုလိုက်အပြုံလိုက်ကူးစက်မှုနှင့် ဆက်စပ်သော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် အတည်ပြုလူနာ ၂၂ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (CCSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အစုလိုက်အပြုံလိုက်ကူးစက်မှု၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ၏ ကွာရန်တင်း (quarantine) ကင်းလွတ်သည့် အစီအစဉ်မှတစ်ဆင့် ဘယ်လ်ဂျီယံနိုင်ငံမှ လာရောက်ခဲ့ပြီး ယခုလအစောပိုင်းက အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သော စုံတွဲတစ်တွဲကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း CCSA ၏ ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan ကဆိုသည်။

 

၎င်းတို့ နိုင်ငံအတွင်းသို့ရောက်ရှိလာပြီးကတည်းက အဆိုပါ စုံတွဲသည် ပြည်နယ်အတွင်းရှိ ဘားများ၊ ဈေး ဝယ်စင်တာများနှင့် အစိုးရရုံးများအပါအဝင် နေရာအများအပြားသို့ သွားရောက်လည်ပတ်ခဲ့ကြကြောင်း Apisamai မှ ပြောကြားပြီး ၎င်းတို့နှင့် အနီးကပ်ထိတွေ့မှုကြောင့် လူ ၁၀၀ ဝန်းကျင်မှာ ရောဂါကူးစက်မှု အန္တရာယ်မြင့်မားသည်ဟု ယူဆရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

အာဏာပိုင်များ၏အဆိုအရ ထိုင်းနိုင်ငံတွင် စုစုပေါင်း ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုမှာ ဒီဇင်ဘာ ၂၃ ရက် ညပိုင်းအထိ ၂၀၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ယမန်နှစ်အစောပိုင်းက ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ COVID-19 ရောဂါကူးစက်ခံရသူစုစု ပေါင်း ၂,၂၀၄,၆၇၂ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၂၁,၅၂၈ ဦး ရှိကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ #COVID-19 #အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post