• Follow Us on

Home ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း၌ တရားမဝင်မြန်မာလုပ်သား (၁၀) ဦး တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်မှုကြောင့် (၅) ဦး သေဆုံး

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း၌ တရားမဝင်မြန်မာလုပ်သား (၁၀) ဦး တင်ဆောင်လာသည့် ယာဉ် တိမ်းမှောက်မှုကြောင့် (၅) ဦး သေဆုံး

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ တရားမဝင် မြန်မာလုပ်သား (၁၀) ဦး တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၅) ဦးသေဆုံးခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးက ဇန်နဝါရီ ၂၆ ရက်နေ့၌ ထုတ်ပြန်ထားသည်။

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်အတွင်း အမှတ် ၃၂၃ လမ်းမကြီး၊ သွန်ဖာဖမ်ခရိုင်မှ တရားမဝင်အလုပ်သမား တင်ဆောင်လာသည့် ပစ်ကပ်မော်တော်ယာဉ်တစ်စီးသည် ဆိုင်ရို့ခရိုင်သို့ မောင်း နှင်လာစဉ် စစ်ဆေးရေးဂိတ်အခြေအနေအရ သွန်ဖာဖမ်ဘက်သို့ ပြန်လှည့်ခဲ့ပြီး ဆယ်ဘီးကားအား နောက်မှ ဝင်တိုက်၍ ဟန်ချက်ပျက်တိမ်းမှောက်ခဲ့ရာ အလုပ်သမား ကျား ၄ ဦး၊ မ ၆ ဦး ပါဝင်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် မိသားစုများနှင့် ဆက်သွယ်နိုင် ရေး လိုအပ်လျှက်ရှိပြီး၊ သေဆုံးသူများ သြင်္ဂိုဟ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ ၁၀ ဦးအနက် ကျား ၄ ဦးတွင် ၃ ဦးသေဆုံးကာ ၁ ဦးမှာ ဒဏ်ရာရရှိခဲ့၍ ဆေးရုံတင်ထားပြီး၊ မ ၆ ဦးတွင်လည်း ၂ ဦး သေဆုံးကာ ၁ ဦးမှာ ဆေးရုံတက်ရောက်ကာ ကုသမှုခံယူနေပြီး၊ ကျန်ရှိသည့် အမျိုးသမီး ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း အလုပ်သမား သံ အရာရှိရုံးမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ထိုင်းနိုင်ငံသို့တရားမဝင်လာရောက်သည့်မြန်မာနိုင်ငံသားများ

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post