• Follow Us on

Home ထိုင်းနိုင်ငံက တရားမ၀င်မြန်မာလုပ်သား ၁၀၉ ဦးကို မြန်မာပြန်ပို့

ထိုင်းနိုင်ငံက တရားမ၀င်မြန်မာလုပ်သား ၁၀၉ ဦးကို မြန်မာပြန်ပို့

Share this post

မြန်မာနိုင်ငံက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအစိုးရအာဏာပိုင်တွေကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနဟာ တနင်္သာရီတောင်ပိုင်း နယ်စပ်ဂိတ် ကော့သောင်းကနေတစ်ဆင့် အမျိုးသမီး ၉ ဦးအပါအ၀င် တရားမ၀င်လုပ်သား ၁၀၉ ဦး မြန်မာအစိုးရအာဏာပိုင်တွေထံ စက်တင်ဘာ ၂၅ ရက်နေ့မှာ လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မောင်းထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ ဗီဇာသက်တမ်း ကျော် လွန်နေသူတွေနဲ့ တရားဝင်သက်သေအထောက်အထား မရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

Ref; xinhua


Share this post