• Follow Us on

Home ထိုင်းနိုင်ငံတွင် အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာဆိပ်သင့်မှုဖြစ်ပွား


Share this post





Ref; Chiangmai News


(Unicode)
ထိုင်းနိုင်ငံတွင် အလယ်တန်းကျောင်းသား ၁၀၀ ကျော် အစာဆိပ်သင့်မှုဖြစ်ပွား
……………………………………………………………

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ ဇန်နဝါရီ ၁၃ ရက်နေ့က လေ့လာရေးခရီးထွက်တဲ့ အလယ်တန်း ကျောင်းသား ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီထဲက ကျောင်းသား ၆၀ ကျော်ဟာ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရပါတယ်။

ဆန်ဆိုင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အခုမတော်တဆမှုအတွက် အစာအဆိပ်သင့်ရတဲ့ အကြောင်းအရင်းကို သက် ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးလျက်ရှိနေပါတယ်။

အစာအဆိပ်သင့်တဲ့ ကျောင်းသားအားလုံးအသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့လည်းသိရပါတယ်။

Ref; Chiangmai News

#PeopleMedia #International


Share this post