• Follow Us on

Home ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသားပြည့်တန်ဆာ ၄ ဦး ဖမ်းဆီးခံရ


Share this post






Ref; thaivisa.com

#PeopleMedia

(Unicode)
ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသားပြည့်တန်ဆာ ၄ ဦး ဖမ်းဆီးခံရ
………………………………………………………

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လည်က နာမည်ကြီး အမျိုးသမီးသီးသန့် အနှိပ်ခန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင် ရောက်ဖမ်းဆီးခဲ့ရာမှာ အမျိုးသားပြည့်တန်ဆာ ၃၅ ဦး ဖမ်းဆီးမိခဲ့ပြီး မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါ တယ်။

ဆွိုင်အာရီ ၄ လမ်းမှာ ဖွင့်လှစ်ထားတဲ့ The Prince ဆိုတဲ့ အနှိပ်ခန်း ဝင်ရောင်ဖမ်းဆီးခဲ့ရာမှာ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ဧည့်ကြိုလုပ်နေကြတဲ့ အမျိုးသားတွေကို တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားပြည့်တန်ဆာတွေထဲမှာ ထိုင်းနိုင်ငံသား ၂၄ ဦး၊ မြန်မာနိုင်ငံသား ၄ ဦးနဲ့ လာအိုနိုင်ငံ သားတွေပါဝင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံသား မော်ဒယ်သရုပ်ဆောင်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသား အမ်ျိုးသားပြည့်တန်ဆာတွေထဲမှာ မြန်မာနိုင်ငံသား ၄ ဦးက တရားမဝင်နိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး ကျန်တဲ့နိုင်ငံသားတွေကတော့ တရားဝင်ဗီဇနဲ့ လာရောက်ပြီး အခုလို လုပ် ကိုင်နေတာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာနဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေဟာ ပြည့်တန်ဆာအလုပ်ကို တရားဝင် လုပ်ကိုင်ခွင့်မရှိဘူးလို့ ထိုင်းရဲက ပြောပါတယ်။ ယောကျာ်းပြည်တန်ဆာတွေဟာ တစ်နာရီကို ထိုင်းဘတ်ငွေ ၃၅၀၀ ကနေ ၆၀၀၀၊ မြန်မာငွေကျပ် ၁၇၀၀၀ ကနေ ကျပ် ၃၀၀၀၀၀ အထိရရှိတယ်လို့ သိရပါတယ်။

Ref; thaivisa.com

#PeopleMedia


Share this post