• Follow Us on

Home ထိုင္း-ျမန္မာနယ္စပ္တြင္ COVID-19 ေ႐ြ႕လ်ားစမ္းသပ္အဖြဲ႔ထားမည္

ထိုင္း-ျမန္မာနယ္စပ္တြင္ COVID-19 ေ႐ြ႕လ်ားစမ္းသပ္အဖြဲ႔ထားမည္

Share this post

ဘန္ေကာက္၊ စက္တင္ဘာ ၁၆

ထိုင္းႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္မႈဒုတိယလႈိင္းကိုကာကြယ္ရန္ ထိုင္း-ျမန္မာနယ္စပ္တြင္ ေ႐ြ႕လ်ားစမ္းသပ္ယူနစ္မ်ားကို အေျခစိုက္ထား႐ွိရန္႐ွိေနသည္။

ဇီ၀ေဘးကင္းလံုျခံဳေရးေ႐ြ႕လ်ားအဖြဲ႔မ်ားကို ေဆးဘက္ဆိုင္ရာေစတနာ့၀န္ထမ္းမ်ားက ေရာဂါထိန္းခ်ဳပ္ေရး ၀န္ႀကီးဌာန၏ေဒသခံဆရာ၀န္မ်ားအကူအညီျဖင့္ စီမံလည္ပတ္မည္။

အဖြဲ႔ ၁၃ ဖြဲ႔စာအတြက္ ဓာတ္ခြဲပစၥည္းမ်ားရ႐ွိမည္ျဖစ္ၿပီး ကူးစက္ႏိုင္ေခ်မ်ားသူမ်ားထံမွ ဓာတ္ခြဲနမူနာ မ်ားစုေဆာင္းႏိုင္မည့္အျပင္ တရားမ၀င္၀င္ေရာက္လာသည့္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကိုလည္း စစ္ေဆးမည္ျဖစ္သည္။

ထိုင္းေရာက္ျမန္မာေရႊ႕ေျပာင္းအေျခခ်သူမ်ားတြင္ ကူးစက္မႈမ႐ွိေသးေသာ္လည္း မၾကာေသးမီက နယ္စပ္ျဖတ္လာသူမ်ားကို ကူးစက္ႏိုင္ေခ်မ်ားသူမ်ားအျဖစ္ သတ္မွတ္ထားမည္ျဖစ္သည္။

ေ႐ႊ႕ေျပာင္းအေျခခ်က်န္းမာေရးေစတနာ့၀န္ထမ္းမ်ားကလည္း ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို စစ္ေဆးႏိုင္ေရးကူညီေပးမည္ဟု ပတၱရားသတင္းဌာနကေဖာ္ျပသည္။

ျမန္မာႏိုင္ငံတြင္ ကူးစက္အတည္ျပဳလူနာျမင့္တက္လာသျဖင့္ နယ္စပ္ခ႐ိုင္မ်ားတြင္ စိုးရိမ္စိတ္မ်ားျဖစ္ေနၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ကလည္း ကင္းလွည့္မႈပိုမ်ားေနသည္။

ၿပီးခဲ့သည့္လအတြင္း ထိုင္းႏိုင္ငံသို႔နယ္စပ္တရားမ၀င္ျဖတ္ေက်ာ္လာသည့္ ျမန္မာေ႐ႊ႕ေျပာင္းအေျခခ်သူ ဒါဇင္ခ်ီကို ဖမ္းဆီးခဲ့သည္။

Ref : Covid-19 testing units to be stationed along Thai-Myanmar border

#PeopleMedia

(unicode)
ထိုင်း-မြန်မာနယ်စပ်တွင် COVID-19 ရွေ့လျားစမ်းသပ်အဖွဲ့ထားမည်
…………………………………………

ဘန်ကောက်၊ စက်တင်ဘာ ၁၆

ထိုင်းနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုဒုတိယလှိုင်းကိုကာကွယ်ရန် ထိုင်း-မြန်မာနယ်စပ်တွင် ရွေ့လျားစမ်းသပ်ယူနစ်များကို အခြေစိုက်ထားရှိရန်ရှိနေသည်။

ဇီဝဘေးကင်းလုံခြုံရေးရွေ့လျားအဖွဲ့များကို ဆေးဘက်ဆိုင်ရာစေတနာ့ဝန်ထမ်းများက ရောဂါထိန်းချုပ်ရေး ဝန်ကြီးဌာန၏ဒေသခံဆရာဝန်များအကူအညီဖြင့် စီမံလည်ပတ်မည်။

အဖွဲ့ ၁၃ ဖွဲ့စာအတွက် ဓာတ်ခွဲပစ္စည်းများရရှိမည်ဖြစ်ပြီး ကူးစက်နိုင်ချေများသူများထံမှ ဓာတ်ခွဲနမူနာ များစုဆောင်းနိုင်မည့်အပြင် တရားမဝင်ဝင်ရောက်လာသည့်ရွှေ့ပြောင်းအခြေချသူများကိုလည်း စစ်ဆေးမည်ဖြစ်သည်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအခြေချသူများတွင် ကူးစက်မှုမရှိသေးသော်လည်း မကြာသေးမီက နယ်စပ်ဖြတ်လာသူများကို ကူးစက်နိုင်ချေများသူများအဖြစ် သတ်မှတ်ထားမည်ဖြစ်သည်။

ရွှေ့ပြောင်းအခြေချကျန်းမာရေးစေတနာ့ဝန်ထမ်းများကလည်း ရွှေ့ပြောင်းအခြေချသူများကို စစ်ဆေးနိုင်ရေးကူညီပေးမည်ဟု ပတ္တရားသတင်းဌာနကဖော်ပြသည်။

မြန်မာနိုင်ငံတွင် ကူးစက်အတည်ပြုလူနာမြင့်တက်လာသဖြင့် နယ်စပ်ခရိုင်များတွင် စိုးရိမ်စိတ်များဖြစ်နေပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကလည်း ကင်းလှည့်မှုပိုများနေသည်။

ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံသို့နယ်စပ်တရားမဝင်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအခြေချသူ ဒါဇင်ချီကို ဖမ်းဆီးခဲ့သည်။

Ref : Covid-19 testing units to be stationed along Thai-Myanmar border

#PeopleMedia


Share this post