• Follow Us on

Home ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွား

Share this post

မြဝတီ၊ ဒီဇင်ဘာ ၁၅ (People Media)

 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်တွင် ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ဒီဇင်ဘာ ၁၄ ရက် ညဦးပိုင်း၌ ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့များမှ  သေနတ်ဖောက်မှု များ ပြုလုပ်ရှိခဲ့ကြောင်း သိရသည်။

 

မြန်မာဒုက္ခသည် ၄၀၀၀၀ ခန့်ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်း၌ ယမန်နေ့ညဦးပိုင်းက နှာခေါင်းစည်း မတပ်မှုကြောင့် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူနှစ်ဦးရဲ့ ဆိုင်ကယ်ကို ထိုင်းအာဏာပိုင်က သိမ်းဆည်းခဲ့ မှုအပေါ် မကျေနပ်ရာမှ မယ်လစခန်း ဇုန်အသီးသီးရှိ  နေထိုင်သူများမှ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ထိုင်းလုံခြုံရေး ဂိတ်တွေကို ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒုက္ခသည်စခန်းအတွင်း ဆန္ဒပြဖျက်စီးခြင်းများကြောင့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်များမှ သေနတ်ဖောက်ဖြိုခွင်းမှု များ ပြုလုပ်ခဲ့ပြီး၊ ထိုသို့ ဖြိုခွင်းမှုများကြောင့် စခန်းရှိ လူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Photo – Mae La Information

 

#PeopleMedia #ထိုင်း-မြန်မာ #ဒုက္ခသည်

 

(unicode)


……………………………………………………….

 


 


 


 


 

Photo – Mae La Information

 



Share this post