• Follow Us on

Home ထိုင္၀မ္ကိုလက္နက္ ၃ မ်ိဳးေရာင္းခြင့္ျပဳရန္ ကြန္ဂရက္လႊတ္ေတာ္ကို အိမ္ျဖဴေတာ္တင္ၿပ

ထိုင္၀မ္ကိုလက္နက္ ၃ မ်ိဳးေရာင္းခြင့္ျပဳရန္ ကြန္ဂရက္လႊတ္ေတာ္ကို အိမ္ျဖဴေတာ္တင္ၿပ

Share this post

ဝါရွင္တန္၊ ေအာက္တိုဘာ ၁၃
 
ထိုင္၀မ္ကို အဆင့္ျမင့္လက္နက္ ၃ မ်ိဳးေရာင္းခြင့္ျပဳရန္ အိမ္ျဖဴေတာ္က ႀကိဳးပမ္းေနၿပီး ကြန္ဂရက္လႊတ္ေတာ္၏ခြင့္ျပဳခ်က္ရရန္ ႀကိဳးစားေနသည္။
 
ထိုအေျခအေနႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္ ၅ ေယာက္က တနလၤာေန႔တြင္ ရိုက္တာသတင္းေအဂ်င္စီကို အတည္ျပဳသည္။
 
နို၀င္ဘာ ၃ ရက္ သမၼတေရြးေကာက္ပြဲမတိုင္မီ လႈပ္ရွားမႈသည္ ထိုင္၀မ္ကို တ႐ုတ္ျပည္မႀကီးပိုင္အျဖစ္တစိုက္မတ္မတ္ေျပာဆိုလာၿပီး လိုအပ္ပါက အင္အားျဖင့္သိမ္းယူရန္ကတိျပဳထားသည့္ တ႐ုတ္နိုင္ငံကို ေဒါသထြက္ေစမည္ျဖစ္သည္။
 
တနလၤာေန႔တြင္ မွတ္ခ်က္ျပဳရန္ေတာင္းဆိုေသာအခါ တ႐ုတ္သံ႐ုံးက လက္နက္အေရာင္းရပ္ရန္ႏွင့္ စစ္ေရးအရဆက္ဆံမႈရပ္ဆိုင္းရန္ အေမရိကန္ကိုေတာင္းဆိုသည္။
 
လက္နက္ ၃ မ်ိဳးေရာင္းခ်မႈကို အေမရိကန္နိုင္ငံျခားေရး၀န္ႀကီးဌာနက ခြင့္ျပဳထားၿပီး လႊတ္ေတာ္ႏွစ္ရပ္၏ နိုင္ငံျခားေရးရာေကာ္မတီေခါင္းေဆာင္မ်ားကိုလည္း အသိေပးထားေၾကာင္း အမည္မေဖာ္လိုသည့္သတင္းရင္းျမစ္တေယာက္ကေျပာသည္။
 
ေလာ့ဟိမာတင္ကုမၸဏီကထုတ္လုပ္ၿပီး ကားေပၚမွပစ္လႊတ္နိုင္သည့္ ျမန္ႏႈန္းျမင့္ဒုံးက်ည္(HIMARS)၊ ဘိုးအင္းကုမၸဏီမွထုတ္လုပ္သည့္ ေဝဟင္မွေျမျပင္ပစ္ဒုံးက်ည္ SLAM-ER ႏွင့္ F-16 ဂ်က္တိုက္ေလယာဥ္မ်ားက ေဝဟင္မွပုံရိပ္ႏွင့္အခ်က္အလက္မ်ားကို ေျမျပင္သို႔အခ်ိန္ႏွင့္တေျပးညီျပန္ပို႔ေပးနိုင္မည့္ အပိုဆင္ဆာမ်ားကို ေရာင္းခ်ရန္ စီစဥ္ထားျခင္းျဖစ္သည္။
 
ကြန္ဂရက္လႊတ္ေတာ္သို႔ အသိမေပးရေသးခင္အထိ လက္နက္ေရာင္းခ်မႈမ်ား၊ လႊဲေျပာင္းေပးမႈေတြကို အတည္မျပဳဖို႔၊ မွတ္ခ်က္မျပဳဖို႔ မူဝါဒရွိထားေၾကာင္း အေမရိကန္နိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူတေယာက္ကေျဖၾကားသည္။
 
Ref : White House asks Congress to approve three arms sales to Taiwan: Report
 
#PeopleMedia
 
(unicode)
ထိုင်၀မ်ကိုလက်နက် ၃ မျိုးရောင်းခွင့်ပြုရန် ကွန်ဂရက်လွှတ်တော်ကို အိမ်ဖြူတော်တင်ပြ …………………………………………………….
ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ထိုင်၀မ်ကို အဆင့်မြင့်လက်နက် ၃ မျိုးရောင်းခွင့်ပြုရန် အိမ်ဖြူတော်က ကြိုးပမ်းနေပြီး ကွန်ဂရက်လွှတ်တော်၏ခွင့်ပြုချက်ရရန် ကြိုးစားနေသည်။ ထိုအခြေအနေနှင့်နီးစပ်သည့် သတင်းရင်းမြစ် ၅ ယောက်က တနင်္လာနေ့တွင် ရိုက်တာသတင်းအေဂျင်စီကို အတည်ပြုသည်။ နို၀င်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ လှုပ်ရှားမှုသည် ထိုင်၀မ်ကို တရုတ်ပြည်မကြီးပိုင်အဖြစ်တစိုက်မတ်မတ်ပြောဆိုလာပြီး လိုအပ်ပါက အင်အားဖြင့်သိမ်းယူရန်ကတိပြုထားသည့် တရုတ်နိုင်ငံကို ဒေါသထွက်စေမည်ဖြစ်သည်။ တနင်္လာနေ့တွင် မှတ်ချက်ပြုရန်တောင်းဆိုသောအခါ တရုတ်သံရုံးက လက်နက်အရောင်းရပ်ရန်နှင့် စစ်ရေးအရဆက်ဆံမှုရပ်ဆိုင်းရန် အမေရိကန်ကိုတောင်းဆိုသည်။ လက်နက် ၃ မျိုးရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ခွင့်ပြုထားပြီး လွှတ်တော်နှစ်ရပ်၏ နိုင်ငံခြားရေးရာကော်မတီခေါင်းဆောင်များကိုလည်း အသိပေးထားကြောင်း အမည်မဖော်လိုသည့်သတင်းရင်းမြစ်တယောက်ကပြောသည်။
လော့ဟိမာတင်ကုမ္ပဏီကထုတ်လုပ်ပြီး ကားပေါ်မှပစ်လွှတ်နိုင်သည့် မြန်နှုန်းမြင့်ဒုံးကျည်(HIMARS)၊ ဘိုးအင်းကုမ္ပဏီမှထုတ်လုပ်သည့် ဝေဟင်မှမြေပြင်ပစ်ဒုံးကျည် SLAM-ER နှင့် F-16 ဂျက်တိုက်လေယာဉ်များက ဝေဟင်မှပုံရိပ်နှင့်အချက်အလက်များကို မြေပြင်သို့အချိန်နှင့်တပြေးညီပြန်ပို့ပေးနိုင်မည့် အပိုဆင်ဆာများကို ရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ကွန်ဂရက်လွှတ်တော်သို့ အသိမပေးရသေးခင်အထိ လက်နက်ရောင်းချမှုများ၊ လွှဲပြောင်းပေးမှုတွေကို အတည်မပြုဖို့၊ မှတ်ချက်မပြုဖို့ မူဝါဒရှိထားကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနပြောခွင့်ရသူတယောက်ကဖြေကြားသည်။ Ref : White House asks Congress to approve three arms sales to Taiwan: Report
#PeopleMedia

Share this post